ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လူစုလူဝေးနှင့် နေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ဆေးထိုးရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

အောင်ဇံ၊သန္တာကျော်ဇော

နိရဉ္စရာ၊ သြဂုတ် ၄/၂၀၂၁

 

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများတွင် လူစုလူဝေးနှင့် နေထိုင်ရကြရသဖြင့် သူတို့ကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံရန် လိုအပ်နေကြောင်း စစ်ဘေးရှောင် အရေးလှုပ်ရှားနေသူများက ပြောဆိုသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၇ ဦးအထိရှိခဲ့ပြီးနောက် စခန်းကို လော့ဒေါင်းချခဲ့ရသည်။ ၎င်းနောက် စိုးရိမ်မှုများတိုးပွားလာခဲ့ပြီး ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

 

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင်  ကိုဗစ်ကာကွယ်ရေးပစ္စည်း လိုအပ်ချက်များ အပါအဝင်  ကျန်းမာရေးလိုအပ်ချက်များရှိနေ၍ စစ်ဘေးရှောင်တွေကို ကိုဗစ် ကာကွယ်ဆေး ဦးစားပေးထိုးသင့်ကြောင့် စစ်ဘေးရှောင်အရေး လုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(RCE) အတွင်းရေးမှူး းဇော်ဇော်ထွန်းက ပြောသည်။

 

''အခုကိုဗစ်ဆေးထိုးမှာက ၆၅ နှစ်အထက်တွေတင်မဟုတ်ပဲ အခြားသူတွေလည်းစာရင်းမှာပါနေတော့ IDP စခန်းထဲက လူတွေအတွက် အခွင့်အလမ်းအင်မတန် နည်းသွားပြီ။အခြားသူတွေမှာက ကိုဗစ်အသုံးအဆောင်ပစ္စည်းတွေရော၊ အလုပ်အကိုင်ရောရှိကြတယ်။ IDP စခန်းတွေမှာက အဲ့လို အခွင့်အလမ်းနည်းတယ်။ ။ပြီးတော့ သူတို့က စုလို့ဝေးလို့ နေနေရတယ်။ ကျန်းမာရေးလည်း အားနည်းကြတယ်။ ကိုယ်ခံအားမကောင်းတာတွေရှိတယ်။ အသက်ကြီးပိုင်း တွေများတယ်။ သူတို့တွေကို ဆေးထိုးပေနိုင်ရင် အခြား ပံ့ပိုးစရာတွေ သိပ်မလိုတော့ဘူ'' ဟု ဦးဇော်ဇော်ထွန်း ကပြောသည်။

 

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် လုံခြုံရေးအခက်အခဲကြောင့် ကိုဗစ်ဆေး သွားရောက်ထိုးပေးရန် ခက်ခဲမှုရှိနေပြီး လုံခြုံရေးအာမခံချက်ပေးနိုင်မှ ကိုဗစ်ဆေးထိုးနှံ ပေးမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းက နိရဉ္စရာသို့ ပြောသည်။

 

''စစ်ဘေးရှောင်စခန်းတွေကလည်း သူ့ category တွေထဲမှာပါတယ်။ တစ်ခုရှိတာက ကိုဗစ်ဆေးထိုးတဲ့ အဖွဲ့က လုံခြုံရေးအာမ မခံနိုင်တဲ့နေရာကိုတော့သွားမှာ မဟုတ်ဘူး။ အဲ့ဒီက လူတွေကို မြို့ပေါ်ကို ေါ်ထိုးရင် ထိုးမယ်'' ဟု နိရဉ္စရာသတင်းဌာသို့ ပြောည်။

 

အစိုးရက ကိုဗစ်ဆေးထိုးပေးရန် ဦးစားပေးသတ်မှတ်ထားသည့်  အမျိုးအစား ၁၁ မျိုးတွင် ပါဝင်လျှင် ကိုဗစ်ဆေးထိုးပေးမည်ဖြစ်ပြီး မြို့နယ်အလိုက်ထိုးပေးမည်ဟု ဦးလှသိန်းကပြောသည်။

 

အဆိုပါ ဦးစားပေး(၁၁)မျိုးတွင် အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဈေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရရှိသော တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ဆေး အလုံးရေ ၁ သိန်းခန့်ကို  မြို့နယ်တချို့တွင်စတင်ထိုးပေးနေပြီဖြစ်ကြောင်း  သိရသည်။

 

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေ ၆သောင်းခွဲခန့် နေထိုင်နေရသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ် သတင်းများ