သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စားအုန်းဆီ တစ်ပိဿာ ၃,ရဝဝ ကျပ်ဖြင့်ရောင်းချရန်ထုတ်ပြန်ထားသော်လည်း စစ်တွေတွင် ၅,၅ဝဝ ကျပ်အထိ စျေးမြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ အောက်တိုဘာ ၇/ ၂၀၂၁
စားအုန်းဆီ တစ်ပိဿာကို ၃,ရဝဝ ဖြင့် ရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့စျေးကွက်တွင် တစ်ပိဿာလျှင် ၅,၅ဝဝ ကျပ်အထိ စျေးမြင့်တက်နေသည်ဟု သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားအုန်းဆီ တစ်ပိဿာကို ၃,ရဝဝ ဖြင့် ရောင်းချရန် ထုတ်ပြန်ထားမှုကို သိရှိခြင်းမရှိဟုလည်း စစ်တွေမြို့မစျေးကြီးမှ ကုန်စုံဆိုင်ရောင်းချသူအမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။
“အခုလို သတ်မှတ်ထားတာကိုလည်း မသိဘူး။ ဆီစျေးတက်တာ တစ်ပတ်လောက်ရှိနေပြီ။ စျေးတက်တော့ အရောင်းအဝယ်တွေ ပါးတယ်”ဟု ပြောသည်။
ပြည်သူများသက်သာသောစျေးနှုန်းများဖြင့်ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားစျေး ငွေကျပ် ၃,၇၀၀ နှုန်းဖြင့် စက်တင်ဘာလ ၂၀ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှှမ်းပြည်နယ်တို့တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီးဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ဆိုထားသည်။
ရခိုင်ပြည်နယ်မှ စားသုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း စားအုန်းဆီတစ်ပိဿာလျှင် ၃,၇၀၀ ကျပ်နှုန်း(ရန်ကုန် အထိုင်ဂိုဒေါင်စျေး)ဖြင့်ဝယ်ယူနိုင်ရေး ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ အောက်တိုဘာ ၁၁ ရက် နောက်ဆုံးထားစာရင်းသွင်းရန် ယင်းအသင်းက ယမန်နေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ် သတင်းများ