စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင်အခြေခံဆန်စျေးများထိုးတက်လာ၍ လက်လုပ်လက်စားများဘ၀ရပ်တည်ရေးအခက်တွေ့လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ သြဂုတ် ၁၅/၂၀၂၂
ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေး အပါအဝင် အခြေခံဆန်စျေးနှုန်းများ မြင့်တက်လာနေသဖြင့် လက်လုပ်လက်စားများနေဖြင့် နေ့စဉ်ပုံမှန်ရပ်တည်နေထိုင်ရေးအတွက် အခက်တွေ့လာနေကြောင်း သတင်းရရှိသည်။

စစ်တွေဆန်စျေးကွက်တွင် ယနေ့ သြဂုတ်လ ၁၅ ရက် ပေါက်စျေးမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် သောင်း၊ သီရိဒုံ ဆန်တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်၊ စာပစိကောက်လျင်ဆန်တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ကျပ် သောင်းအထိ အသီးသီးစျေးရှိကြောင်း ဆန်ဆိုင်များဆီမှ သိရသည်။

ထိုသို့ ယခုနှစ် မိုးရာသီအတွင်း ဆန်စျေများမြင့်တက်လာခြင်းမှာ ပြည်တွင်းစစ်ရေး အခြေအနေများကြောင့် ရခိုင်ရှိ မြို့နယ်တစ်ခုမှ တစ်ခုကို လွတ်လပ်စွာဆန်များကို သယ်ယူ၍မရနိုင်သလို ဗမာပြည်မဘက်သို့လည်း ဆန်များကို အပို့များနေ၍ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ စွမ်းပကားဆန်ဆိုင်မှ ဒေါ်စောအေးမေက "ကုန်ပစ္စည်းမှန်သမျှ အကုန်စျေးတက်နေတာပါ။ ဆန်လည်းစျေးတက်မှာပေါ့။ လယ်သမားတွေက လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အခက်အခဲတွေနဲ့ စျေးကြီးပေးပြီးဝယ်သုံးခဲ့ရတယ်။ ဒီတော့ လယ်သမားလက်ထွက် ဆန်နဲ့စပါးလည်း စျေးတက်မှာပေါ့" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်ဇူလိုင်လက ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ၅၂၀၀၀ ကျပ်၊ သီရိဒုံဆန် တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ နှင့် ၃၆ဝဝဝ ကျပ်၊ စာပစိကောက်လျင် တစ်အိတ်လျှင် ယခင်က ကျပ် ၃၈၀၀၀ ကျပ်၊ မနောသုခဆန် တစ်အိတ်လျှင် ယခင်က ၃၃၀၀၀ ကျပ်အထိသာ စျေးရှိခဲ့ရှိပြီး ဩဂုတ်လအတွင်း ထပ်မံမြင့်တက်လာခဲ့သည်ဟု သိရသည်။

လက်ရှိ ရန်ကုန်တွင်လည်း ဆန်တစ်အိတ်လျှင် ပျဉ်းမျှ ကျပ် သောင်းကျော်မှ သိန်းခန့်အထိ မြင့်တက်နေရာ ရခိုင်မှဆန်များကိုလည်း ရန်ကုန်သို့ တင်ပို့မှုများရှိနေသည်ဟု သိရသည်။

ရခိုင်တွင်လည်း ယခုကဲ့သို့ ဆန်စျေးများ မြင့်တက်လာနေခြင်းနှင့် ပတ်သက်ပြီး  စစ်တွေမြို့မှ ဆန်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "ရန်ကုန်မှာ ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို သောင်း၊ သောင်းဆိုရင် ရခိုင်ပြည်ကစျေးတွေကလည်း ရန်ကုန်စျေးကို မှီပြီးတက်သွားတယ်။ နောက်ထပ် စျေးတက်ဖို့။ မတက်ဖို့ကိုတော့ ဘယ်သူကမှ အာမ မခံနိုင်ဘူး။ ဒီလိုအခြေအနေမျိုးနဲ့သာဆိုရင်တော့ နောက်ထပ်လည်း ဆန်စျေးတွေ တက်လာနိုင်ခြေ ရှိသေးတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပေါ်နေသည့် ဆန်စျေးမတည်မငြိမ်မှုကို ထိန်းချုပ်ရန်ခဲယဉ်းနေကြောင်း ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။

ပြန်ပြီးထိန်းချုပ်နိုင်မလားဆိုတော့ ပြောရခဲယဉ်းတယ်ပေါ့နော်။ ကုန်စျေးနှုန်းတွေ အားလုံးတက်နေတဲ့ အချိန်မှာလေ။ ကုန်စျေးနှုန်းကလည်းတက်နေတော့ အဲဒါကိုမူတည်ပြီးတော့ ပြောဖို့ကခဲယဉ်းတယ်၊ မှန်းဖို့ခက်ခဲတယ်ပေါ့။ စစ်တွေမြို့စျေးကွက်မှာဆိုရင်တော့ နယ်ကစစ်တွေမြို့ကို ဆန်အဝင်များရင် စျေးကကျမယ်၊ နယ်ကဆန်မဝင်ဆိုရင် နည်းနည်းတက်မယ်ပေါ့။ အဲဒါကတော့ အရင်ကနေ ထုံးစံဖြစ်နေပြီပေါ့ဟုပြောသည်။

လက်ရှိစျေးနှုန်းများပြောင်းလဲလျက်ရှိနေသည့် ဆန်စျေးကွက်သည် စပါး ပြန်ပေါ်လာမည့် အချိန်  ဝါကျွတ်၊ တန်ဆောင်မုန်းလရောက်မှ စျေးအနည်းငယ် ပြန်ငြိမ်နိုင်လာသည်ဟုလည်း ဦးသန်းရွှေကဆက်ပြောသည်။

မကြာသေးခင်က ရခိုင်တွင် မိုးခေါင်ခဲ့ပြီး စိုက်ပျိုးထားသည့် စပါးပျိုးပင်များ ပျက်စီးခဲ့ရသည့်အတွက် လယ်သမားများတွင် အခက်အခဲဖြစ်ပေါ်နေသလို လာမည့်စပါးပေါ်ချိန်တွင် စပါးအထွက်နှုန်း နည်းနိုင်သည်ဟုလည်း လယ်သမားများက ခန့်မှန်းပြောဆိုနေကြသည်။

ရခိုင်တွင် ယခုနှစ်စပါးရာသီအတွင်း ဓာတ်မြေသြဇာစျေးနှုန်းများနှင့် ထွန်ယက်စိုက်ပျိုးရန် စက်သုံးဆီစျေးမြင့်တက်မှုတို့ကြောင့် လယ်သမားအများအပြားသည် ၎င်းတို့၏ လယ်ယာလုပ်ငန်းခွင်များကို လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ရခိုင်ပြည်တွင် ယခုနှစ်တွင်  မိုးရွာသွန်းမှုနည်း ပါး၍ လယ်ယာလုပ်ငန်းများအဆင်မပြေခြင်း၊ ထွန်ယက်စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ လယ်ယာလုပ်ငန်းအတွက် သွင်းကုန်များစျေးတက်ခြင်း၊ ကုန်စျေးနှုန်းများလည်း အဆမတန် စျေးမြင့်တက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေးပိတ်ပင်ထားခြင်း၊ ဆီစျေးများကြီးမြှင့်မှုကြောင့် လယ်သမားများကို ပို၍ အခက်အခဲဖြစ်နေရသည်ဟု သိရသည်။ (NN- 8/12)

ဆက်စပ် သတင်းများ