သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ဘဏ်များအရေးပေါ်ပိတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဘဏ်များ ပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ဘဏ်အားလုံးဖွင့်ထားရာမှ အထက်လူကြီးများ၏ ညွှန်ကြားချက်အရ အရေးပေါ်ပိတ်လိုက်ရကြောင်းဘဏ်တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၄င်း၏ ပြောပြချက်အရ ဘဏ်ရုံးချုပ်များမှ ပိတ်ရန်သာညွှန်ကြားမှုရရှိပြီး မည်သည့်အတွက် ပိတ်လိုက်ရသည်ကို မသိရှိကြောင်း၊ အထက်ညွှန်ကြားချက်အရ ပိတ်လိုက်ရခြင်းဖြစ်ကြောင်း၊ မည်သည့် ရက်အထိ ပိတ်ထားမည်ကို ပြောဆိုနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တွေမြို့ပေါ်တွင် ဘဏ်များပိတ်လိုက်ရသည့်အတွက် ငွေထုတ်ရာနှင့် အလွှဲပြောင်းလုပ်ရာတွင် အခက်အခဲဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းသိရသည်။

ဆက်စပ် သတင်းများ