သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂျပန်ရောက် ရခိုင်လူငယ်များ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/ ၂ဝ၂ဝ

ဂျပန်ရောက် ရခိုင်လူငယ်များမှ ယနေ့တွင် မြန်မာသံရုံးရှေ့၌ အင်တာနက် ဖြတ်တောက်လိုက်ခြင်း အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၎င်းဆန္ဒပြပွဲကို ရက္ခိုင်လူငယ်များ အစည်းအရုံး (ဂျပန်)မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ သံရုံး ရှေ့တွင် ယနေ့ ဂျပန် စံတော်ချိန် ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ပြုလုပ် ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ရခိုင်လူငယ်များသာမက ကချင်နှင့် ကရင်လူမျိုး အချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။ 

“ဆန္ဒပြရတဲ့ အကြောင်းအရင်းက ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ကျွန်တော်တို့ ရခိုင်ပြည်မှာ အင်တာနက်လိုင်းတွေကို စပြီး ပြန်ဖြတ်တောက်လိုက်ပါတယ်။ ဖြတ်တောက်လိုက်ပြီးတဲ့နောက်  ဒီ ရက္ခိုင့်တပ်တော်ကို ထိုးစစ်အကြီးအကျယ် ဆင်လာတယ်။ ပြီးရင် ရခိုင်မှာ အရပ်သား သေဆုံးမှုက အရမ်း များလာတယ်။  အဲဒါတွေက အစိုးရနဲ့ သက်ဆိုင်တာမို့ ကျွန်တော်တို့ အနေနဲ့  ဆန့်ကျင် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ရခိုင်လူငယ်များ အစည်းအရုံး (ဂျပန်)မှ ဥက္ကဋ္ဌ ဦးကျော်သန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ်အတွင်း NLD အစိုးရနှင့် မြန်မာ့ စစ်တပ်မှာ လူ့အခွင့်ရေး ချိုးဖောက် မှုများကို ရပ်တန့်ရန် ၊ ရခိုင်လူမျိုးများ၏ ဘာသာရေး အဆောက်အအုံ- နေအိမ်- လယ်ယာ မြေများအား ဖျက်ဆီး နေမှုများကို ရပ်ဆိုင်းရန်  ၊ ရခိုင်လူငယ်များ၏ နေအိမ်နှင့်  စာသင်ကျောင်း များအား လက်နက်ကြီး လက်နက်ငယ် များနှင့် ပစ်ခတ်နေမှုကို ရပ်တန့်ရန် ၊ စစ်ဘေးရှောင် ဒုက္ခသည်များအား အကူအညီ ပေးအပ်သည့်အပေါ် တားမြစ်ခြင်းနှင့် ရခိုင် လူမျိုးများအား မတရား ဖမ်းဆီးနေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်အတွင်း အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ယင်း ဆန္ဒပြပွဲအား လူပေါင်း ၁ဝဝ ကျော်ခန့် တက်ရောက် ပါဝင်ဆင်နွှဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇွန်လအတွင်းကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ရက္ခိုင် လူငယ်များ အစည်းအရုံး (ဂျပန်) မှ ဦးဆောင်၍ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် မြန်မာ့တပ်မတော်တို့ကို ဦးတည်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ