သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အကောင်းဆုံးအဖြေရှာဖို့ အတွက် အမြဲတမ်းအဆင်အသင့်ရှိပါတယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4k

ရက္ခိုင်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ( KIA/TNLA/MNDAA/AA) တို့ဟာ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ နေ့မှာ တရုတ်နိုင်ငံ၊ မူဆယ်မြို့မှာတွေ့ဆုံပြီး ပမာဏ အပစ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒုတယ အကြိမ်တွေ့ဆုံဆွေးနွေးပွဲကိုတော့ လွန်ခဲ့တဲ့ မေလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ပြုလုပ်ဖို့ သဘောတူထားခဲ့ကြပေမယ့် ဆွေးနွေးပွဲကျင်းပနိုင်မယ့် နေရာကြောင့် တွေ့ဆုံဆွေးနွေးပွဲမယ့် ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရက္ခိုင်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကို နိရဥ္စရာသတင်းဌာနမှ မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။


မေး - မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ ငြိ်မ်းချမ်းရေးဆွေးနွေးပွဲက AA က နေရာကရွေးနေတဲ့ အတွက် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအပေါ်မှာ အေအေဘက်ရဲ့ သဘောထားကို သိချင်ပါတယ် ခင်ဗျား။

ဖြေ- ဟုတ်ကဲ့။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့တော့ သူတို့ဘက်က အပြောပါ။ တကယ်ဆိုရင် ကျွန်တော်တို့က ဧပြီလ ၃ဝ ရက်နေ့ မူဆယ်ဘက်မှာ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ NRPC နဲ့ ကျနော်တို့ Bilateral မထိုးရသေးတဲ့ FPNCC  အဖွဲ့ဝင် လေးဖွဲ့ပေါ့နော်။ နှစ်ဘက် သူတို့ကြားမှာ ဆွေးနွေးပွဲထဲမှာ အခြေခံအားဖြင့်ပေါ့နော်။ နောက်ဘယ်နေ့ဘယ်ရက်မှာ တွေ့ဆုံကြမယ်။ ဘယ်နေရာမှာ တွေ့ဆုံကြမယ်။ အခြေခံ စဉ်းစားချက်တွေရှိပါတယ်။ အဲလိုမျိုး အခြေခံစဉ်းစားချက်တွေမှာ သူတို့ဘက်က နေရာနဲ့ အချိန်ကို ပြောလာတာရှိတယ်။ ကျနော်တို့ လေးဖွဲ့အနေနဲ့လည်း နေရာကို အခြေခံစဉ်းစားထားတာရှိပါတယ်။ ရက်ကတော့ သိပ်ပြီးတော့ မပြောလိုပေမဲ့ နေရာကိုကျတော့ သူတို့ဘက်က တင်ပြလာတဲ့နေရာ ၃ ခုရှိတယ်။ ဥပမာ နေပြည်တော် ၊ မန္တလေး၊ မူဆယ် အစရှိသဖြင့်ပေါ့။ လားရှိုး အဲလိုမျိုးပုံစံ သူတို့ဘက်ကတင်ပြလာတာရှိတယ်။ ကျနော်တို့ဘက်ကလည်း အခြေခံအားဖြင့် စဉ်းစားတာကတော့ FPNCC အဖွဲ့ဝင်တွေရဲ့ ဒီပန်ဆန်းမှာပေါ့နော်။ ပန်ဆန်းမှာတွေ့ဆုံလိုတယ်။ ပထမဆုံး အနေနဲ့။ အဲဒီမှာ မဟုတ်ဘူးဆိုရင်လည်း ဒုတိယအနေနဲ့ကတော့ ဒီတရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ နေရာတစ်နေရာမှာ ပေါ့နော်။ အဲဒီမှာတော့ နေရာတစ်နေရာဆိုတဲ့  အပေါ်မှာတော့ အဓိက ခွဲမယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ ဘက်က စဉ်းစားတာ ရှိတယ်။ တတိယ တစ်ချက်အနေနဲ့ကတော့ ဧပြီ ၃ဝ ရက်နေ့မှာ တွေ့ခဲ့ကြတဲ့ မူဆယ်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ နေရာစဉ်းစားချက် အပေါ်မှာ ဟိုဘက်ဒီဘက် စဉ်းစားချက်ပါ။ ဒီလိုဆိုရင်တော့ လုံခြုံရေးဆိုတဲ့ ဟာမျိုးကတော့  အစည်းအဝေး လုပ်တဲ့အချိန်မှာကျတော့ စဉ်းစားရတာ ရှိတယ်။ ကျတော်တို့အနေနဲ့လည်း အခုအချိန်မှာဆိုရင် တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ဒီကျနော်တို့ လေးဖွဲ့ တစ်ခြားညီနောင်တွေ အနေနဲ့လည်း အေအေ အနေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီအချိန်မှာဆိုလို့ရှိရင် ပိုပြီးသင့်တော်မဲ့နေရာက ဒီဧပြီလ ၃ဝ ရက် တွေ့ဆုံခဲ့တဲ့ မူဆယ်နေရာ ဆိုရင်ပိုကောင်းမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ပါ။

မေး- ဟုတ်ကဲ့။ နောက်တစ်ခုက လုံခြုံရေးက မှဲ့တစ်ပေါက်မစွန်းရဘူးဆိုတာကလည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ မှဲ့တစ်ပေါက်မစွန်းရအောင် အစိုးရက တာဝန်ယူမယ်ဆိုပြီး ပြောတဲ့ အပေါ်မှာ ဗိုလ်မှူးချုပ်တို့က ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ- ဒါကတော့ လုံခြုံရေးဆိုတဲ့ဟာမျိုးကတော့  နှစ်ဦး နှစ်ဘက်အပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ သူတို့ဘက်အနေနဲ့ သူတို့ဘက်ဖြစ်လိုတဲ့ ရန်ကုန်တို့  မြစ်ကြီးနားတို့ နေပြည်တော်တို့ ဆိုရင်တော့ ဒီ NRPC  ဘက်ကနေ သူတို့တာဝန်ယူပြီးတော့လုပ်ရမယ့်အပိုင်းဆိုတော့ သူတို့ဘက်ကလုံခြုံရေးကို ထည့်သွင်းစဉ်းစားတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ စဉ်းစားတာကတော့ ဘယ်အစည်းအဝေးမဆို ဘယ်တွေ့ဆုံမှုမှာမဆို အဓိကတော့ နှစ်ဦးနှစ်ဘက် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာတော့ လုံခြုံရေးကတော့ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒီပိုပြီးတော့ လုံခြုံတဲ့နေရာကို ဖြစ်လိုတဲ့သဘောရှိတယ်။ သူတို့ကတော့ မှဲ့တစ်ပေါက်မစွန်းစေရဘူး ဆိုတဲ့ဟာကတော့ ကျနော်တို့လုံခြုံရေးကို တာဝန်ယူမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဘဲ နားလည်တယ်။ ကျနော်တို့လည်းဘဲ တကယ်လို့ ပန်ဆန်းတို့ ဘာတို့မှာကျင်းပမယ် ဆိုလည်း သူတို့ လုံခြုံရေးကို ကျနော်တို့တာဝန်ယူတယ်။ ကျနော်တို့ဘက်ကလည်း မှဲ့တစ်ပေါက် မစွန်းစေရဘူးလို့ ပြောလိုပါတယ်။

မေး- ဟုတ်ကဲ့။ နောက်တစ်ခုက ဒီလိုနေရာတွေကို လုံခြုံရေးအကြောင်းပြနေတာက တွေ့ဆုံဆွေးနွေးပွဲကို မဖြစ်အောင်လုပ်နေတယ်ဆိုပြီးတော့ AA ကို စွပ်စွဲတဲ့ ပြောတာဆိုတာမျိုးလည်းတွေ ရှိနေတာ့ အဲဒီအပေါ်မှာ ဗိုလ်မှူးချုပ်တို့ဘက်က ဘယ်လိုသဘောထားရှိပါလဲ ။

ဖြေ- ဒါကတော့ တပ်ကစွပ်စွဲတာပဲနေမှာပါ။ ကျနော်တို့ ဒီအဖွဲ့တွေအနေနဲ့ပေါ့နော်။ NRPC ဒီပြန်တွေ့ဆုံတဲ့ အချိန်မှာလည်း နေရာကို အခြေခံအားဖြင့် သဘောတူထားတာရှိတယ်။ နောက်တစ်ခုက ဧပြီ ၃ဝ တွေ့ဆုံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီလေးဖွဲ့ပေါ့နော်။ ကိုးကန့် ၊ ပလောင်၊ ရခိုင်၊ ကချင် ဒီလေးဖွဲ့အနေနဲ့ တွေ့ဆုံတာရှိတယ်။ အဲလေးဖွဲ့ရဲ့တွေ့ဆုံပွဲမှာ အခြေခံသဘောထားအားဖြင့် ဘုံရပ်တည်ချက်၊ ဘုံသဘောထားတွေရှိတယ်။ အဲဒီရပ်တည်ချက်တွေထဲမှာတော့ ဥပမာ ကျနော်တို့အနေနဲ့ NRPC နဲ့ နောက်တစ်ကြိမ်တွေ့ဆုံတယ်ဆိုလို့ရှိရင် ဘယ်နေရာမှာတွေ့မလဲ ဆိုတဲ့နေရာအပေါ်မှာ ဘုံသဘောတူညီချက်ရှိတယ်။ ပြီးရင် အချိန်အပေါ်မှာလည်း အခြေခံအားဖြင့်သဘောတူညီခဲ့တာရှိတယ်။ ဆိုတော့ ဒီဟာက လုံခြုံရေးနဲ့ မဆိုင်ပါဘူး။ အဓိက က ကျနော်တို့ဒီ လေးဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ဘဲ ဆိုင်တာပါတယ်။ သူတို့ကတော့ ဒီလုံခြုံရေးအပေါ်မှာ ထည့်သွင်းပြီးတော့ သူတို့လိုရာ ဆွဲပြီးတော့ သူတို့ဘက်ကပြောဆိုတဲ့သက်သက်ဖြစ်လိမ့်မယ်။ ကျနော်တို့ဘက်က  ပြောလိုတာကတော့ ကျနော်တို့လေးဖွဲ့ရဲ့ ဘုံရပ်တည်ချက်နဲ့ ဘုံအခြေခံသဘောတရားအပေါ်မှာ အခြေခံပြီးတော့မှ နေရာနဲ့အချိန်ကိုရွေးချယ်ပြီးမှ ကျနော်တို့ဘက်က စဉ်းစားတာပါ ခင်ဗျား။

မေး- ဟုတ်ကဲ့။ အခုက နေရာနဲ့ပတ်သက်ပြီးတော့ တွေ့ဆုံရေးက ရပ်တန်းနေတယ်ဆိုတော့ ဆက်ပြီးတော့ ဘယ်နေရာမှာလုပ်မယ်ဆိုတာကို သူတို့နဲ့ ဆွေးနွေးနေတာကော ရှိပါသလားခင်ဗျာ။

ဖြေ- ရှိပါတယ်။ ကျနော်တို့ ဒီကြား ထဲမှာတော့ PCG ပေါ့နော်။ ဒီဦးယုဇော်ခေါင်တို့ ငြိမ်းချမ်းရေး အကျိုးဆောင်ဖွဲ့အနေနဲ့ ကြားထဲကနေပြီးတော့ နေရာတွေ အချိန်တွေ ညှိနှိုင်းပေးနေတာရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဖြစ်သင့်တဲ့ဟာကို ဖြစ်ချင်တဲ့ဟာကတော့ ဥပမာ ပန်ဆန်း မှာတော့ ဖြစ်ချင်တယ်။ သူတို့ ဘက်ကနေပြီးတော့ ဒီဟာကတော့ ပန်ဆန်းမှာတော့ သူတို့ ဘက်က မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်သင့်တဲ့နေရာဆိုတော့ ဥပမာ အရင်တစ်ခေါက် ဧပြီ ၃ဝ မှာဆွေးနွေးခဲ့သလိုပေါ့နော်။ မူဆယ်ဆိုရင်တော့ နှစ်ဦး နှစ်ဘက်လက်ခံနိုင်တဲ့အနေအထား မျိုးရှိတယ်။ ကျနော်တို့ဘက်ကလည်း အဆင်ပြေလောက်တယ်။ သူတို့ဘက်ကလည်း အဆင်ပြေလောက်တယ် ဆိုတဲ့အပေါ်မှာ အဲ့ဒီစဉ်းစားချက်နဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေကြတဲ့ ဟာတွေရှိပါတယ်။

မေး- ဟုတ်ကဲ့။ အဲဒီတော့လေ ဒီမှာ ဗိုလ်မှူးချုပ်တို့ဘက်က အဆိုပြု တာကတော့ မူဆယ်ကို အဓိက အဆိုပြုထားတာပေါ့ နော်။

ဖြေ- မဟုတ်ဘူး။ ကျနော်တို့ ကတော့ ပထမအနေနဲ့ တော့ ပန်ဆန်း ခင်ဗျာ။ ပန်ဆန်းကိုပထမဆုံးအနေနဲ့ အဆိုပြုတယ်။ ဒုတိယအနေနဲ့ကတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းပေါ့နော်။ တကယ်လို့ ကူမင်း  မဟုတ်ရင်တောင်မှ ဒီလွန်ခဲ့တဲ့ ကာလတွေမှာ KIO နဲ့ မြန်မာ့တပ်မတော်တို့ တွေ့ဆုံခဲ့တဲ့ တာလိလို မျိုးပေါ့နော်။ အဲ့လိုမျိုးပုံစံမျိုးကို စဉ်းစားတာရှိတယ်။ တတိယအနေနဲ့မှ ကျနော်တို့က မူဆယ်ကို စဉ်းစားတာ ခင်ဗျာ။

မေး- ဟုတ်ကဲ့။ ပြီးရင်လေ ဒီတစ်ခေါက် ဆွေးနွေးပွဲ ဖြစ်ရင် ဒီလေးဖွဲ့နဲ့ဘဲ တွေ့မှာလား၊ တစ်ဖွဲ့ချင်းစီကော ဆွေးနွေးမယ့် အစီစဉ်ရှိပါလား။

ဖြေ- ကျနော်တို့ကတော့ ဒီလေးဖွဲ့ပေါ့နော်။ လောလောဆယ်မှာတော့ Bilateral မထိုးရသေးတဲ့ ဒီ FPNCC  အဖွဲ့ဝင် လေးဖွဲ့အနေနဲ့ ကျနော်တို့ တစ်စု တစ်စည်းတည်း တိုင်ပင်ဆွေးနွေးသွားဖို့ စဉ်းစားထားပါတယ်။

မေး- ဟုတ်ကဲ့။ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ Bilateral သဘောတူညီမှုတွေကော ရနိုင်ပါလား။ လက်မှတ်ထိုးနိုင်တဲ့ အနေအထားကော ရှိလာနိုင်ပါသလား။

ဖြေ- ဒါကတော့ ကျနော်တို့ အဖွဲ့အနေနဲ့ပြောမယ်ဆိုရင် တော့ နည်းနည်းလေး လိုသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့ဒီ မြန်မာ့တပ်မတော်အနေနဲ့ အစောပိုင်း ဒီဇင်ဘာ ၂၁ ကနေ ဧပြီ ၃ဝ အထိ လေးလတာကာလ တစ်ဘက်က အပစ်အခတ်ရပ်စဲထားတယ်ဆိုတော့ အဲ့ဒီကာလတွေ ကျနော်တို့အဖွဲ့အနေနဲ့က Bilateral ကိုစဉ်းစားရင်လည်း ဒါက စောသေးတယ်ပေါ့နော်။ အခု ထပ်ပြီးတော့ သူတို့ကနေ မေ ၁ ကနေပြီးတော့ ဇွန်လ ၃ဝ ရက်ထိ ၂ဝ ရက်ကာလကို ရခိုင်ပြည်ဘက်မှာ အရင်လေးလ အတိုင်း တစ်ဘက်က အပစ်အခတ်စဲဖို့ကိုလုပ်ထားတယ်။ ကျနော်တို့အတွက်တော့ပြောဖို့ နည်းနည်းစောပါသေးတယ်။ ဥပမာ ဒီသူတို့ ကတော့ ဒီ Bilateral ကိစ္စနဲ့ပတ်သက်ပြီးတော့ လေးဖွဲ့ပေါင်းပြီး စဉ်းစားတဲ့အချိန်မှာကျတော့ Bilateral ကိုသွားမယ်။ Bilateral ကို ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ အပေါ်မှာတော့ ဆွေးနွေးနေတာရှိတယ်။ ဧပြီ ၃ဝ မှာလည်းပဲ ကျနော်တို့ လေးဖွဲ့အနေနဲ့က တစ်ဖွဲ့ချင်း အနေနဲ့ ဒီ Bilateral အပေါ်မှာ ဘယ်လိုအချက်မျိုးတွေ ပါဝင်ပေးမယ်ဆိုတဲ့ ဟာမျိုးကိုတော့  တစ်ဖွဲ့ချင်း အလိုက်  ဒီ NRPC ကိုပေးထားတာရှိပါတယ်။ ဆိုတော့ ကျနော်တို့ကလည်း အဲဒီအချက်အလက် အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးလို့တော့ ရတယ်။ နောက်တစ်ခုကတော့ ဒီ Bilatral အပေါ်မှာ သူတို့အနေနဲ့ ဘာတွေပြန်ပြောလာမလဲဆိုတဲ့ဟာမျိုးကိုလည်း ကျနော်တို့ နားစွင့်နေတာရှိပါတယ်။

မေး- ဟုတ်ကဲ့ အခုကနေပြီးတော့ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ တိုက်ပွဲတွေလည်း ရပ်မယ့် လမ်းစမမြင်ရသေးဘူး။ အဲဒီတော့  Bilateral မထိုး ဖြစ်ဘူးဆိုရင် တိုက်ပွဲတွေက ရှေ့မှာ ပိုမိုပြီးပြင်းထန်လာနိုင်တဲ့အနေအထားရှိလား။ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- Bilateral ထိုးခြင်း၊ မထိုးခြင်းထက် ဒီမြန်မာ့တပ်မတော်ရဲ့ ထိုးစစ်က အဓိကကျပါလိမ့်မယ်။ ဥပမာ Bilateral မထိုးဘူးဆိုရင်လည်း တချို့ဒီကျနော်တို့ မြောက်ပိုင်းမဟာမိတ်တွေထဲမှာ ဥပမာ ကိုးကန့်၊ ပလောင်၊ ကချင်ဒေသမှာဆိုရင် လောလောဆယ် မထိုးရသေးဘဲ မြန်မာ့တပ်မတော်က ထိုးစစ်မရှိတဲ့ အတွက်ကြောင့် တိုက်ပွဲတွေက မဖြစ်ဘူး။ ရခိုင်ဒေသမှာကျတော့ နေပြီးတော့ ထိုးစစ်တွေရှိနေတယ်။ ပြီးရင်ဒီ တစ်ဘက်သက်အပစ်အခတ်ရပ်စဲဖို့ကို တခြား နေရာမှာ ရပ်တန့်ပြီးတော့ ရခိုင်ဒေသ တစ်ခုတည်းကိုပဲ အဓိက ထိုးစစ်တွေဆင်နေတော့ သူတို့ရဲ့ဒီထိုးစစ်အပေါ်မှာပဲ မူတည်မယ်။ အဲ့ဒါကြောင့် ဒီ Bilateral ထိုးခြင်း၊ မထိုးခြင်းဆိုတဲ့ ဟာမျိုးထက် မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်အရှိန်ဘယ်လောက်ရှိမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ Bilateral ထိုးပြီးရင်လည်း သူတို့က ထိုးစစ်ဆက်ရှိနေတယ် ဆိုရင်လည်း ဒီတိုက်ပွဲတွေက ဆက်လို့ရှိနေဦးမှာပါ။

မေး-ဟုတ်ကဲ့။ အခုက ပြည်သူလူထု တော်တော်များများကတော့ နှစ်ဘက် စကားပြောစေချင်တာပေါ့လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်စေချင်တယ်။ တိုက်ပွဲတွေကိုရပ်စေချင်တယ်ဆိုပြီးတော့ ပြည်သူတွေက ပြောဆိုနေကြတာတွေရှိပါတယ်။ အဲဒီတော့ တိုက်ပွဲတွေ ရပ်မယ်ဆိုရင် ဒီအခု ရခိုင်မှာဖြစ်နေတဲ့စ စ်ပွဲတွေ ရပ်မယ်ဆိုရင် ဘာတွေကို စပြီးတော့ လုပ်ဆောင်သင့်တယ်လို့ ဗိုလ်မှူးချုပ်တို့ဘက်က သုံးသပ်ပါသလဲ။

ဖြေ- ဒီဟာက ရှင်းပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ထိုးစစ်မရှိဘူးဆိုရင် တိုက်ပွဲတွေမရှိဘူး။ အခုလက်ရှိ ဗမာပြည်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နေတဲ့ တိုက်ပွဲအများစုက ဒီမြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုသာဖြစ်တယ်။ အဲဒီတော့ ဒီရခိုင်ဒေသမှာ တိုက်ပွဲတွေရပ်စေချင်တယ်ဆိုရင် သူတို့ ဒီနေ့ ငါတို့ အပစ်အခတ်ရပ်စဲရေးကို တစ်ခြား နေရာ တစ်ခြားတိုင်းတွေမှာလိုပဲ ကြော်ငြာ လိုက်ပြီဆိုရင် ဒါက တိုက်ပွဲတွေကဖြစ်ဖို့နည်းသွားပါတယ်။ ဒါပေမဲ့ အဲလိုမျိုး ရပ်တန့်ပြီးရင်လည်း သူတို့အနေနဲ့ ဒီမြေပြင်မှာ တပ်လှုပ်ရှားမှုတွေက တစ်ပြိုင်နက်တည်း ရပ်တန့်ဖို့လိုတယ်။ ဥပမာ ကျနော်တို့ ဘက်ကလည်း နှစ်ဦး နှစ်ဘက် ပေါ့နော်။ အဲဒီအချိန်ကာလမှာ ဆိုလို့ရှိရင် ရက္ခိုင့်တပ်တော် ရော၊ မြန်မာ့တပ်မတော်ရော Ceasefire  တိုက်ပွဲတွေ မဖြစ်အောင်လုပ်လို့ရတဲ့အနေအထားတွေရှိပါတယ်။ အဓိက ကတော့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်နဲ့ သူတို့ရဲ့ လက်ရှိ Attitude ပေါ့နော်။ အခုအချိန်မှာဆိုရင် တခြားဒေသမှာရပ်တန့်ထားတယ်။ ရခိုင်ဒေသတစ်ခုတည်းကိုပဲ အဓိက မဲပြီးတော့ ထိုးစစ်ဆင်နေတော့ အဲဒီလိုမျိုး အတွေးအခေါ်တွေပြောင်းပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်အခတ်တွေကို ရပ်စဲလိုက်တယ်ဆိုရင်တော့ ပြဿနာက အတိုင်းအတာတစ်ခုထိ ပြေလည်သွားနိုင်ပါတယ်။

မေး-  တစ်ခြားပြည်နယ် တခြားတိုင်းတွေ၊ စစ်တိုင်းတွေကို သူတို့စစ်ဆင်ရေးရပ်ပြီးတော့ ရခိုင် တစ်ခုတည်း ကိုဘဲ သူတို့ ဘာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်နေရတာပါလဲ။ အဲဒါက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ- အဓိက က သူတို့ဒီ မြန်မာ့တပ်မတော်ရဲ့ စိတ်နေ စိတ်ထားပေါ့နော်။ မြန်မာ့တပ်မတော်က ရခိုင်လူမျိုးတွေနဲ့ ဒီ ရက္ခိုင့်တပ်တော်အပေါ်မှာ ဘယ်လိုသဘောထားရှိလဲ ။ သူတို့ ဒီရက္ခိုင့်တပ်တော် စပြီးတော့ ပေါ်လာကတည်းက ပြောလာတဲ့စကားရှိတယ်။ သူတို့ရဲ့ရပ်တည်ချက်ကို ထုတ်ပြတာတွေရှိတယ်။ အဲဒါကတော့ ရက္ခိုင့်တပ်တော်ကို အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ပုံစံနဲ့ သူတို့ ထုတ်ပြန်တယ်။ အဲဒီကိစ္စကို တစိုက်မတ်မတ်လုပ်နေတယ်။ ဆိုတော့ ဒီကိစ္စတွေကတော့ အခုအချိန်ထိလည်းပဲ ရက္ခိုင့်တပ်တော်ကို အမြစ်ပြတ်ချေမှုန်းလိုတဲ့စိတ်နဲ့ သူတို့ကြိုးစားနေတဲ့ ကြိုးစား အားထုတ်မှုသာဖြစ်တယ်။ အဲဒါကြောင့်မို့လည်း ဒီရခိုင်ဒေသမှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်တယ်။ ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့လည်း ရှင်းတယ်။ ရက္ခိုင့်တပ်တော်ကနေပြီးတော့ ရခိုင်ပြည်ထဲမှာ အခြေစိုက်ရမယ်။ ရခိုင်ပြည်ထဲမှာလည်းဘဲ ရက္ခိုင့်တပ်တော်တစ်ခု တည်းပဲ ရှိရမယ်ဆိုတဲ့ စဉ်းစားချက်တွေရှိတယ်။ အဲဒီနှစ်ခုက ထိုက်တိုက်တွေ့တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီတိုက်ပွဲတွေက အခုအချိန်မှာ ရခိုင်ဒေသမှာ Opposite ဖြစ်နေတာပေါ့ဗျာ။ အဲဒါကြောင့်နေပြီးတော့ တိုက်ပွဲတွေက ဆက်လို့ ပိုမိုပြင်းထန်ပြီးတော့ ဆက်လက်များပြားနေတာပါ။

မေး- ဟုတ်ကဲ့။ ဖြည့်စွက်ပြီးတော့ ပြောစရာများ ရှိပါလားခင်ဗျာ။

ဖြေ- ဖြည့်စွက်ပြီးပြောလိုတာကတော့ ဒီကျနော်တို့အနေနဲ့ပေါ့နော်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အကောင်းဆုံးအဖြေရှာဖို့ အတွက် အမြဲတမ်းအဆင်အသင့် ရှိသလို ဒီသဘောထားကိုလည်း ကျနော်တို့ အမြဲတမ်းထုတ်ဖော်တယ်။ ပြီးရင်တစ်ဖွဲ့ချင်းအနေနဲ့ ဆန္ဒရှိသလို ကျနော်တို့လေးဖွဲ့အနေနဲ့လည်း အခုအချိန်မှာ လေးဖွဲ့လို့ပြောရတာကတော့ Bilateral မထိုးရသေးတဲ့ လေးဖွဲ့ကိုဆိုလိုတာပါ။ ဆိုတော့ ကျနော်တို့ လေးဖွဲ့အနေနဲ့လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ပြီး အဖြေရှာရမဲ့ကိစ္စတွေအတွက် အမြဲတန်း အဆင်အသင့် ရှိတယ်။ ဒီကိစ္စကိုလည်း အမြဲတမ်းကျနော်တို့ ထုတ်ဖော်ပြောဆိုတာရှိပါတယ်။ ဆိုတော့ လက်ရှိနိုင်ငံရေးဆွေးနွေးပွဲကတော့ ဥပမာ ပြဿနာမဖြစ်ဘဲနဲ့ ပြေပြေလည်လည် ဖြစ်သွားဖို့ကိုတော့ ကျနော်တို့ဘက်ကလည်း မျှော်လင့်တယ်။ ကျနော်တို့ဘက်ကလည်း လိုလားတယ်။ အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကတော့ ဥပမာဒီဆွေးနွေးပြီးတော့ အဖြေရှာလို့ရတဲ့ အနေအထားမျိုးကို ကျနော်တို့လည်း လိုလားပါတယ်။ တိုက်ပွဲတွေကို ကျနော်တို့လည်းမဖြစ်ချင်ဘူး။ အထူးသဖြင့် ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ ရခိုင်လူမျိုးတွေအနေနဲ့ ပိုပြီးတော့ နစ်နာရတယ်။ နောက်တစ်ခု ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ ရခိုင်ပြည်သူလူထုရဲ့ ဒုက္ခရောက်မဲ့ကိစ္စကို ဘယ်သောအခါမှမလုပ်ဘူးဆိုတာကို ကျနော်ဒီနေရာမှာထည့်ပြောလိုတယ်။

The Federal Political Negotiation and Consultative Committee (FPNCC)

ဆက်စပ် သတင်းများ