သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

သြစတြေးလျတွင် မီးဖိုချောင်သုံးဓါးဖြင့် တိုက်ခိုက်မှုကျူးလွန်သူ ဘင်္ဂလားဒေ့ရှ်ကျောင်းသူ  Momena Shoma ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5.9k

နိရဥ္စရာ၊ ဇွန်လ ၆/ ၂ဝ၁၉

သြစတြေးလျနိုင်ငံ တက္ကသိုလ် တစ်ခုသို့ တစ်စုံတစ်ဦးအား အစ္စလာမစ်နိုင်ငံ အမည်ဖြင့် သတ်ဖြတ်မည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဝင်ရန် စာရင်းပေးသွင်းထားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသူ တစ်ဦးကို သြစတြေးလျ တရားရုံး တစ်ခုက  မနေ့က ထောင်ဒဏ် ၄၂ ချမှတ်လိုက်သည်။

ဘင်္ဂလာဒေ့ရှ် ကျောင်းသူ Momena Shoma (၂၆) နှစ်သည် သြစတြေးလျ နိုင်ငံသို့ ရောက်ရှိပြီး ၈ ရက်အကြာတွင်  အိမ်ရှင်ဖြစ်သူ Roger  Singaravelu အိပ်နေစဉ် အကြမ်းဖက်လုပ်ရပ်အဖြစ် မီးဖိုချောင်သုံးဓါးဖြင့် လည်ပင်းကို ထိုးခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု တရားရုူံက ဆိုသည်။

သူမသည် တရားရုံးသို့ စီရင်ချက်ချမှတ်မည့် နေတွင် လာရောက်စဉ် မျက်လုံးနှစ်လုံးကိုသာ ဖော်ထားသည့် အနက်ရောင် niqab ကို ဝတ်ဆင်ထားပြီး ဗစ်တိုးရီးယားပြည်နယ် အမြင့်ဆုံ တရားရုံးမှ ထောင်ဒဏ် ၄၂ နှစ်ချမှတ်ကြောင့် ကြေညာစဉ်သူမက ဘုရားသခင်သည် အမြင့်မြတ်ဆုံး  “Allahu akbar” ကိုအော်ဟစ်ခဲ့သည်။ တရားစီရင်စဉ်  သူမဓါးဖြင့် တိုက်ခိုက်ခဲ့သည့် Roger Singaravelu လည်း တက်ရောက်နားထောင်ခဲ့သည်။ သူသည် မလေးရှားနိုင်ငံမှ ပြောင်းရွှေ့့ အခြေချလာသူ ဖြစ်သည်။

"သူမ၏ ပြုမူဆောင်ရွက်ချက်၊ စကား၊ ရည်ရွယ်ချက် တွေက  သြစတြေးလျ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် အထိတ်တလန့်နဲ့ ဂယက်ထစေသည်" ဟုသူမ အမှုကို စီရင်ချက်ချသည့် တရားသူကြီး Lesley Talor က ပြောသည်။

သူမသည် ၂ဝ၁၃ ခုနှစ်တွင် ဒက္ကားမြို့တွင် နေထိုင်စဉ် ဘာသာရေးအစွန်းရောက်သမားတစ်ဦး ဖြစ်လာခဲ့ပြီး အစ္စလာမ်မစ်နိုင်ငံတော် IS ကို သဘောကျ နှစ်ခြိုက်ကာ ၎င်းက မွတ်ဆလင်များကို ဘာသာခြားများကို ဂျီဟက် စစ်ပွဲတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

Momena Shoma သည် ဆီရီးယားနိုင်ငံရှိ IS တို့ ထိန်းချုပ်ထားရာ နယ်မြေသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် တူရကီတွင်ပညာသင်ကြားရန် ကြိုးစားမှု မအောင်မမြင် ဖြစ်ပြီးနောက် သူမဘည် သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းရှိ La Trobe တက္ကသိုလ်တွင် စကောလာရှစ် ပညာသင်ဆု ပညာသင်ကြားခွင့်ရခဲ့သဖြင့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၎င်းမြို့သို့ ရောက်ရှိလာခဲ့သည်။

သူမသည် မဲလ်ဘုန်းကို ရောက်ပြီးနောက် သြစတြေးလျ လင်မယားနှစ်ဦးနှင့် အတူနေထိုင်ခဲ့ပြီး ၎င်းလင်မယား နှစ်ဦးတို့ မရှိစဉ် မွေ့ရာကိုဓါးဖြင့် အစိပ်စိပ် အမွှာမွှာဖြစ်အောင် ထိုးပစ်ခဲ့သည်။ အိမ်ရှင်မယား ပြန်လာပြီးနောက် ၎င်းလုပ်ဆောင်ချက်ကို သိရှိသွားသဖြင့် လက်မခံတော့သဖြင့်  Roger Singaravelu မိသားစုနှင့် နေထိုင်စဉ် ၃ ရက်မြောက်နေ့တွင် ISIS ဗီဒီယိုဖိုင်ကို ကြည့်ပြီးနောက်  အိမ်ပိုင်ရှင် Roger Singaravelu  မီးဖိုချောင်သုံးဓားဖြင့် ထိုးခဲ့သည်။ အိမ်ပိုင်ရှင်  Roger Singaravelu သည် ဓါးထိုးခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

Ref: Knife attack in Australia: Bangladeshi student Momena Shoma gets 42 years jail

ဆက်စပ် သတင်းများ