ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်မှ ရွာသား၂ ဦး  ၅လကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ခိုင်လူလှ | နိရဥ္စရာ၊ ဇွန်လ ၁၁ / ၂ဝ၁၉

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ အရပ်သား ၂ ဦးသည် ၅ လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်မှုတစ်စုံတစ်ရာ မရှိသဖြင့် မြို့နယ် တရားရုံးမှ ယနေ့  လွတ်ပေး လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၂ ဦးမှာ ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာမှ ကိုဌေးအောင်နှင့် ကိုမောင်ကျော်ဝင်းတို့ ဖြစ်ကြသည်။

ကိုဌေးအောင်ဖခင်ဖြစ်သူက “ ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ ပြစ်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် ဘူးသီးတောင်မြို့နယ် တရားရုံးကနေ လွတ်ပေးလိုက်ပါတယ်။ အရမ်းဝမ်းသာမိပါတယ်။ သူတို့က အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရတာပါ” ဟု ပြောကြားသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၄င်းတို့ နေအိမ်အတွင်းရှိနေစဉ် တပ်မတော်နှင့် ဘူးသီးတောင်မြို့နယ် အခြေစိုက်  အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက  မသင်္ကာမှုဖြင့် ၎င်းတို့အား ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ သူ တို့ အဖမ်းခံရတာက စုစုပေါင်း ၄ ယောက်ပါ။ ၄ယောက်ထဲက သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အလယ်ချောင်းရွာက  ဦးအောင်ထွန်းစိန်တို့ နှစ်ယောက်ကို မေလ ၂၈ ရက်နေ့က လွတ်ပေးလိုက်တယ်။ ဒီနေ့မှာ တစ်ခါ ကျန်နေခဲ့တဲ့ ဌေးအောင်နဲ့ မောင်ကျော်ဝင်း တို့ ၂ ယောက်ကို ထပ်ပြီး လွတ်ပေးလိုက်တာပါ” ဟု ဖခင် ဖြစ်သူက ပြောသည်။

၎င်းတို့အား အစပိုင်းတွင် မတရားအအသင်းအက်ဥပဒေ ပုဒ် ၁၇(၁)(၂)နဲ့ တရားစွဲခဲ့ပြီး နောက်ပိုင်းတွင်  ပုဒ်မ ၁၇(၂)ကိုဖြုတ်ပြီး ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ