ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စခန်းမှ ထွက်ပြေးလာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိဟု AA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့် ရဲစခန်းမှ ထွက်ပြေးလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ထားသည်။

အဆိုပါ ရဲဝန်ထမ်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ လက်ပွတ္တာမြို့နယ်၊ နန့်ဘလူကျေးရွာမှ မောင်အောင်နေလင်း (ဘ) ဦးစိုးဝင်းဖြစ်ကြောင်း သိရသည်။

မောင်အောင်နေလင်းသည် ဘူးသီးတောင်မြို့နယ်ရှိ အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရသေ့တောင်မြို့နယ် စေတီပြင် နယ်ခြားစောင့်ရဲ စခန်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ထွက်ပြေးလာရသည့် အကြောင်းအရင်းမှာ ရဲအလုပ်ကို ရဲမလုပ်ရဘဲ စစ်တပ်၏ ခိုင်းစေမှုကိုသာ လုပ်ဆောင်နေရသည့်အတွက် ထွက်ပြေး လာရခြင်းဖြစ်သည်ဟု ကာယကံရှင် မောင်အောင်နေလင်းက ပြောဆိုသည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 “သူ့ရဲ့နေရပ်လိပ်စာက လက်ပွတ္တာမြို့နယ် နန့်ဘလူကျေးရွာကပေါ့နော်။ သူကဘာဖြစ်လို့ပြေးလာလဲဆိုတော့ သူ့ရဲ့ အထက်အရာရှိတွေ နှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးလာတာလို့ ပြောတယ်ပေါ့နော်” ဟု ရက္ခိုင့်တပ်တော် (AA)၏  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ရဲဝန်ထမ်းအား ယခုလ ဇန်နဝါရီ (၁) ရက်နေ့ နေ့လယ် ၁ နာရီက ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုလည်း ခိုင်သုခက ဆက်ပြောသည်။

၄င်းရဲတပ်သားသည်  ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ပြီး ဘူးသီးတောင် မြို့နယ်ရှိ အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွင် ၄င်း၏ ကိုယ်ပိုင်အမှတ် လ/၂၇၅၄၅၇ ဖြင့် တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “လောလောဆယ်တော့ သူ့ကို လွှတ်ပေးရမလား၊ ဘယ်ကို  ပြန်ပို့ရမလဲ၊ ဘာဆက်လုပ်မလဲတော့ မသိသေးပါဘူး။ အဲဒါတော့ ကျွန်တော်တို့ စစ်ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေပေါ် မူတည်ပါတယ်။ သူ့ကိုတော့ ဘာမှတော့ လုပ်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ သူ့ကို တခြားလုပ်စရာ မရှိပါဘူး။ သူ့ရဲ့ အနေအထားပေါ်မှာ လွှတ်ပေးမလား ဘယ်ပို့ရမလဲဆိုတာတော့ မသိရသေးတာပဲ ရှိတယ် ”ဟု ခိုင်သုခက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦး အားနိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

----------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၅/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ