သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဆိုင်ကယ်မတော်တဆဖြစ်၍ကွယ်လွန်သွားခဲ့သော ရခိုင်ယူနိုက်တက်မှ ကိုဇော်သိန်းဝင်း၏ ရုပ်အလောင်းကို ကျောက်ဖြူတွင်သင်္ဂြိုလ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄ /၂ဝ၂ဝ

ဇန်နဝါရီ ၃၁ ရက်နေ့က ကွယ်လွန်သွားခဲ့သော ရခို်င်ယူနိုက်တက်အသင်းမှ ကစားသမား ကိုဇော်သိန်းဝင်း (၂၃ နှစ်)၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၃ ရက် နေ့က  ကျောက်ဖြူ သုဿာန်တွင် သင်္ဂြိုလ်လိုက်ဟု သတင်းရရှိသည်။

ဆိုင်ကယ်မတော်တဆမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီးနောက် သူ၏ ရုပ်အလောင်းကို မိသားစုဝင်များက ကျောက်ဖြူသို့ ကားဖြင့်သယ်ယူခဲ့ကြသည်ဟု  ရခိုင်ယူနိုက်တက်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

"သူက ဇန်နဝါရီ ၃၁ ရက်နေ့ ညမှာဆုံးတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ အလောင်းကို မိသားစု တွေက ရန်ကုန်ကနေကားနဲ့ သယ်ဆောင်လာတယ်။ ၂ ရက်နေ့မှာ ကျောက်ဖြူကိုရောက်တယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ ၂ နာရီလောက်မှာ ကျောက်ဖြူ သုဿာန်မှာ  သင်္ဂြိုလ်လိုက်တယ်˝ဟု ကိုသက်ထူးနိုင်ဦးက ပြောသည်။

ကိုဇော်သိန်းဝင်းသည် ဇန်နဝါရီ ၂၆ ရက်နေ့က ကိုဇော်သိန်းဝင်းမှာ အမျိုးသမီးငယ်တစ်ဦးနှင့် အတူသွားနေစဉ် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ (BMG) သောက်ရေသန့် စက်ရုံအနီးလမ်းတွင် ဆိုင်ကယ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးငယ်မှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကိုဇော်သိန်းဝင်းမှာ ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ယင်းနောက် ကိုဇော်သိန်းဝင်းအား စစ်တွေဆေးရုံတွင် ဆေးကုသခဲ့သော်လည်း မသက်သာ၍ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ရန်ကုန်သို့ စင်းလုံးငှားလေယာဉ်ဖြင့် ပိုဆောင်ခဲ့ကြသည်။ ယင်းနေ့ ညဉ့် ၁၂ နာရီခွဲအချိန်တွင် သူ့အား ခွဲစိပ်ကုသရန်ပြင်ဆင်နေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

---------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၄ /၂ဝ၂ဝ






ဆက်စပ် သတင်းများ