သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် နတ်ချောင်းအထက(ခွဲ)ကျောင်းတွင် အထပြဆရာ၊ ဆရာမ တစ်ဦးမျှ ချမပေးသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇွန် ၁၁/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် နတ်ချောင်းကျးရွာရှိ အလယ်တန်းကျောင်းအား အထက(ခွဲ)ကျောင်းအဖြစ် တိုးမြှင့်ထားသော်လည်း အထက်တန်းပြဆရာ၊ ဆရာမ တစ်ဦးမျှ ချမပေးသေးကြောင်း သတင်းရရှိသည်။

အဆိုပါ နတ်ချောင်းအထက်တန်းကျောင်း(ခွဲ)အား ၂ဝ၂ဝ -၂၁ စာသင်နှစ်တွင် အလယ်တန်းကျောင်းအဖြစ်မှ အထက(ခွဲ)ကျောင်းအဖြစ် ပညာရေးဝန်ကြီးဌာနက တိုးမြှင့်ပေးထားခြင်းဖြစ်သည်။ သို့သော် ယခုနှစ်အထိ အထက်တန်းသင်ပြပေးရန် ဆရာ၊ ဆရာမများ ချမပေးသေးသဖြင့် သင်ကြားရေးတွင် အခက်အခဲကြုံနေရကြောင်း နတ်ချောင်းကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်အောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

အထက်တန်းပညာကိုသင်ကြားခွင့်ရပေမယ့် ဆရာ၊ ဆရာမ မရှိသေးဘူးဆိုတော့။ လက်ရှိကျောင်းအုပ်ကြီးကို ကျွန်တော်တို့တင်ပြတော့ သူက ပြန်တင်ပြပေးမယ်လို့တော့ပြောတယ်။ လွန်ခဲ့တဲ့ နှစ်ကလည်း ဆရာ၊ ဆရာမမရောက်ဘူး။ အဲဒီနှစ်က ကိုဗစ်နဲ့ကျောင်းမတက်ခဲ့ရဘူး။ ဒါပေမဲ့ ဒီနှစ်တော့ ဆရာ၊ ဆရာမလိုချင်တယ်။ဟုပြောသည်။

နတ်ချောင်းကျောင်းအုပ်ဆရာကြီး ဦးကိုကိုလွင်ကလည်း ၄င်းတို့စာသင်ကျောင်းတွင် ဆရာ၊ ဆရာမ လုံလောက်မှုမရှိ၍ အထက်တန်းကျောင်းသားများကို အလယ်တန်းမှ ဆရာ၊ ဆရာမများက သင်ပြပေးနေရကြောင်း ပြောသည်။

အထက်တန်းအတွက် ဆရာ၊ ဆရာမ တစ်ယောက်မှ မရှိဘူး။ ဌာနက ဆရာချမပေးတော့ အလယ်တန်းက ဆရာ၊ ဆရာမတွေက ဝင်ပြနေရတာပေါ့။ အခက်အခဲရှိပါတယ်။ မြို့နယ်ပညာရေးမှူး ကိုတင်ပြထားပါတယ်။ဟုပြောသည်။

အဆိုပါ နတ်ချောင်းအထက်တန်းကျောင်း(ခွဲ)တွင် KG တန်းမှ Great (10) အထိ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၂၃ဝ ရှိပြီး ဆရာ၊ ဆရာမ ၁ဝ ဦးက သင်ပြပေးနေခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်ပညာရေးမှူး ဒေါ်အုန်းရွှေက အော်ဒါထွက်မလားစောင့်ကြည့်ရပါဦးမယ်။ အလားအလာ ရှိလားကြည့်ရပါဦးမယ်။ ဆရာ၊ ဆရာမ မရှိဘဲတော့ မထားပါဘူး။ ဆရာမကြီး မနက်ဖြန်ကြည့်ပေးပါမယ်နော်။ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းအား ဆက်သွယ်ခဲ့ရာ အစည်းအဝေးလုပ်နေသည်ဟု အကြောင်းပြန်ကြားခဲ့သည်။

အဆိုပါနတ်ချောင်းအထက်တန်းကျောင်း(ခွဲ)တွင် မြောက်ဦးမြို့နယ်ရှိ နတ်ချောင်းရွာသစ်၊ နတ်ချောင်းရွာဟောင်းနှင့် ဂျင်ချေကျေးရွာတို့မှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ပညာသင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။

Photo - Golden King

ဆက်စပ် သတင်းများ