အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသား၊ကျောင်းသူများဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၄၊၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ပညာရေးကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများသည် သြဂုတ်လ ၂၃ရက်နေ့က ဖဲကြိုးစိမ်းကမ်ပိန်း လှုပ်ရှားမှုပြုလုပ်၍ သူတို့၏ လိုလားချက်များကို တောင်းဆိုခဲ့ကြသည်။

၎င်းလူပ်ရှားပြုလုပ်ရာတွင်  တောင်းဆိုခဲ့သည့် အချက် (၃) ချက်မှာ ပညာရေးဝန်ကြီးဌာနမှ ပညာရေးကောလိပ်မှ ကျောင်းသားများ အတွက် စီစဉ်နေသည့်  BA နှင့် BSC Education အတွက် တိကျသည့် မူဝါများ ချမှတ်ပေးရန်၊ ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူများ အဝေးသင် စာမေးပွဲ ဖြေဆိုရာတွင် ခွင့်ရက် လုံလုံလောက်လောက်ပေးရန်နှင့် ပညာရေး ကောလိပ် တက်ရောက်နေသူ ကျောင်းသားများအား ဖိနှိပ်မှုများ ရပ်တန့်ရန်တို့ ဖြစ်ကြောင်း သိရသည်။ 

ကျောက်ဖြူပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မောင်နေမျိုးဦး က “ကျွန်တော်တို့ ကျောင်းနှစ်နှစ် တက်ပြီးရင် ဒီပလိုမှာ လက်မှတ်ဘဲရပါတယ်။ အဲသလို အဝေးသင်သွားတက်တဲ့ အခါ  ခွင့် ၁၇ ရက် တည်းဘဲ ရပါတယ်။ ဒီရက်က ဘယ်လိုမှ မလုံလောက်ပါ။ ဒါကို တိုးပေးဖို့ တောင်းဆို ပါတယ် ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
၎င်းဖဲကြိုးစိမ်း လှုပ်ရှားမှုကို မြန်မာနိုင်ငံရှိ ပညာရေး ကောလိပ်များတွင် ဖဲကြိုးစိမ်း ရက်သတ္တပတ် လူပ်ရှားမှုအနေဖြင့် ပြုလုပ်နေခြင်း ဖြစ်ပြီး မုံရွာ၊ မန္တလေး၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ဘိုကလေးစသည့် ပညာရေး ကောလိပ်တွင် ပြုလုပ်ပြီးစီးသွားခဲ့ပြီဟု သိရသည်။

လက်ရှိ ပညာရေးကောလိပ်ကျောင်းသားများအတွက် အစီအစဉ်တစ်ခုမှာ  ၂ နှစ်တာ ကျောင်းပြီး၍ ဒီပလိုမာ လက်မှတ်ရရှိပြီးနောက်ပိုင်း ဘွဲ့မရသေးသည့် ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူများကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာမှ စတင်ပြီး BA နှင့် BSC ဘွဲ့များရရှိရန် ဆက်လက် ပညာသင်ကြားနိုင်ရေး ပညာရေး ဝန်ကြီးဌာနမှ စီစဉ်နေကြောင်း၊ ထိုသို့ စီစဉ်ရာတွင် ပညာရေးကောလိပ်မှ ကျောင်းသား  ၆ဝဝဝ ခန့်သာ ကန့်သတ်ပြီး သင်ကြားခွင့်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ပညာရေး ကောလိပ်များတွင် တက်ရောက် သင်ကြားနေသူ ကျောင်းသား ကျောင်းသူ အရေအတွက်မှာ သောင်းနှင့်ချီ ရှိနေ၍ အားလုံးတက်ရောက် သင်ကြားခွင့်ရရှိစေလိုသည်ဟု ၎င်းက ပြောသည်။

“ ကျောင်းသား ၆ဝဝဝ လောက်ဘဲ တက်ခွင့်ရမယ်ဆိုရင် ဘာဖြစ်လို့ ကျန်တဲ့ ကျောင်းသားတွေ မဖြေရတာလဲဆိုတာ သိချင်ပါတယ်။ ဘယ်လိုအရည်အချင်း တွေနဲ့သတ်မှတ်ပြီး ဖြေခိုင်းတာလဲ ဆိုတာ တိတိကျကျ ထုတ်ပြန် ပေးဖို့ လိုပါတယ်။ ဒီအချက်ကိုလည်းတောင်းဆိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ပညာရေး ကောလိပ် ကျောင်းသားများသမဂ္ဂများဖိနှိပ်မူ ကင်းစွာလွတ်လပ်စွာရပ်တည်ခွင့်ရရေး၊  အခြေခံပညာတွင် အဝေးသင်တတ် ရာတွင် လစာဖြတ်တောက်မူ မရှိဘဲ လုံလောက်သော ခွင့်ရရှိရေး၊  BA နှင့် BSC ဘွဲ့များအတွက် ဆက်လက် ပညာသင်ကြားရေးနှင့် ပတ်သတ်၍ တိကျသော မူဝါဒများအား ပွင့်လင်းစွာ ထုတ်ပြန်ပေးရေး စသည့် အချက် (၃) ချက် ပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

 “ကျွန်တော်တို့ဖဲကြိုးစိမ်းရင်ထိုးတွေကို ကျောင်းတတ်လာတဲ့ကျောင်းသားတွေ အကုန်လုံးကို ထိုးပေးပြီး တစ်ကျောင်းလုံး ရင်ထိုးတပ်ဆင်ပြီး လုပ်ဆောင်ကြတာပါ” ဟု ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ မောင်နေမျိုးဦးက ပြောသည်။
 
ယခုလက်ရှိ  ကျောက်ဖြူပညာရေးကောလိပ်တွင် ရခိုင်ပြည်နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၅ဝဝ ကျော် တတ်ရောက်ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။ အဆိုပါ ကမ်ပိန်းတွင် ကျောက်ဖြူ ပညာရေးကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူ အားလုံးက လှုပ်ရှားမူတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ