ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အာဖဂန်နစ္စတန်တွင် ဗလီ ဗုံးကွဲ၍ အနည်းဆုံး ၆၂ ဦးသေပြီး ၁ဝဝ ကျော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂ဝ၁၉

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှ ဗလီတစ်ခုတွင် သောကြာနေ့က ဘုရားဝတ်ပြု ဆုတောင်းရန် လူများစုရုံးနေစဉ် ဗုံးပေါက်ကွဲ၍ အနည်းဆုံး လူပေါင်း ၆၂ ဦးသေဆုံးပြီး ၁ဝဝ ကျော်ဒဏ်ရာရသွားခဲ့သည်။

နိုင်ငံ၏ အရှေ့ပိုင်း Haska Mena ခရိုင် Jawdara ဧရိယာရှိ ဗလီအတွင်း ထားရှိသော  ဖောက်ခွဲရေး ပစ္စည်း အများအပြား  ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် အစိုးရတာဝန်ရှိသူက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဗလီ၏ ခေါင်မိုးမှာ လွင့်စင်ကျသွားပြီး ဗလီမှာ လုံးဝလဲပြိုကျသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း  Nangarhar ဒေသ၏ ကောင်စီဝင် တစ်ဦးဖြစ်သူ Sohrab Qaderi က ပြောကြားလိုက်ပြီး ဒဏ်ရာရသူမှာ ၁ဝဝ ကျော်သည်ဟု ဆိုသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဧရိယာကို အာဖဂန်ရဲတပ်ဖွဲ့က ထိန်းချုပ်လိုက်သည်ဟု သိရသည်။

ယခု ဗုံးဖောက်ခွဲမှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဟု သိရသည်။


“Blasts in Afghanistan mosque kill at least 62, wound more than 100”

ဆက်စပ် သတင်းများ