အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်တွေ ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် သံဃာအပါး ၁၉၇ ပါး အောင်မြင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲတွင် သံဃာတော်အပါး ၅ဝဝကျော် ဝင်ရောက်ဖြေဆိုရာ ၁၉၇ပါး အောင်မြင်ကြောင်း သတင်းရရှိသည်။

၄င်းစာမေးပွဲကို စစ်တွေရှိ ရက္ခပူရသာသနာ့လင်္ကာရအသင်းမှ ဦးဆောင်ကာ စစ်တွေမြို့ လောကာနန္ဒာစေတီပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃ဝ ရက်နေ့အထိကျင်းပခဲ့သည်။

အောင်မြင်သည့်သံဃာတော်များကို ဖေဖော်ဝါရီ (၁) ရက်နေ့က စာအောင်လက်မှတ်နှင့် ဘွဲ့နှင်းအပ်ခဲ့သည်။

ရက္ခပူရသာသနာလင်္ကာရအသင်းမှ ဥက္ကဋ္ဌ ဦး ဦးမြင့်ဦးက “ရခိုင်ကသံဃာတော်တွေဟာ အရင်ကဆို ရန်ကုန်တို့ မန္တလေးတို့စတဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဒီလိုစာမေးပွဲတွေကို သွား ဖြေရတယ်။ စာမေးပွဲအောင်ရင်လည်း ဒီကိုပြန်မကြွလာကြတော့ဘူး။  ထူးချွန်တဲ့သံဃာတွေက ရခိုင်ပြည်မှာမရှိတော့တဲ့အခါ ရခိုင်ပြည်ရဲ့ သာသနာက တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်။ သံဃာလေးတွေလည်း နည်းလာတယ်။ ဒါကို ပြန်လို့ စည်ကားလာအောင် ရခိုင်ပြည်ရဲ့ သာသနာ အရင်ကထက် ထွန်းကားလာအောင် ရည်ရွယ်ပြီးတော့ လုပ်တာပါ”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

၄င်းစာမေးပွဲတွင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တိယအဆင့်၊ ဥပစာအဆင့်နှင့် မူလတန်းအဆင့် စသည့်အဆင့်များပါရှိပြီး သိရီလင်္ကာမှ သံဃာ ၁ အပါး၊ ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော် ၂ ပါးနှင့် သီလရှင် ၄ ပါး အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှ သံဃာတော်အပါး ၅ဝဝ ကျော်တို့က ဖြေဆိုခဲ့ရာတွင်  ၁၉၇ ပါး အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယခုဖြေဆိုသည့် စစ်တွေ သာမဏေကျော်စာမေးပွဲသည် လူပုဂ္ဂိုလ်များက ဦးဆောင်ကျင်းပ ဘွဲ့ပေးခြင်းဖြစ်ပြီး သံဃာတော်များသည် သာမဏေကျော်ဘွဲ့ရလျှင် ပိဋိကတ် ၃ ပုံအနက် ၂ ပုံကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးစီးသွားပြီဟု သတ်မှတ်ကာ အခြားပညာရပ်များကို လေ့လာသောအခါတွင်လည်း အထောက်အကူပြုသည်ဟု သိရသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂/၂ဝ၂ဝ









ဆက်စပ် သတင်းများ