ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်စာပေယဉ်ကျေးမှုနှင့်သမိုင်းသုတေသီ ဆရာတော်ဒွါရာဝတီအသျှင်ကုသလ(ငွေသဇင်) အထိမ်းအမှတ်စာအုပ်ထုတ်ဝေပြီး အမှတ်တရကျောက်တိုင် စိုက်ထူမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၉ / ၂၀၂၁

ရခိုင်စာပေယဉ်ကျေးမှုနှင့်သမိုင်းသုတေသီ ဆရာတော် ဒွါရာဝတီ အရှင်ကုသလ (ငွေသဇင်) အထိမ်းအမှတ်အဖြစ် စာအုပ်တစ်အုပ်ထုတ်ဝေမည် ဖြစ်ပြီး အမှတ်တရ ကျောက်တိုင် တစ်ခုကို သံတွဲမြို့၏ အောင်မြေသာစည် အနုပညာရင်ပြင်တွင် စိုက်ထူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စာရေးဆရာ ဇော်မင်းထွန်း(သံတွဲ)က ရခိုင် စာပေသမားများမှ ပို့ပေးလာသော စာမူများကို စုစည်းပြီး စာအုပ်တစ်အုပ် ထုတ်ဝေသွားမှာ ဖြစ်တယ်အခု စာအုပ်ထုတ်ဖို့အတွက် စာမူတွေကို လက်ခံနေပါပြီ။ ဒီလာဖို့ မတ်လ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး စာမူတွေကို လက်ခံသွားမှာပါဟု ပြောသည်။

ရခိုင်စာပေသမားများမှ ပို့ပေးလာသော စာမူများအား စုစည်း၍  ဒွါရာဝတီ အသျှင် ကုသလသို့ အမှတ်တရအမည်ဖြင့် စာအုပ်ထုတ်ဝေမည်ဖြစ်ကြောင်း၊ ဆရာတော်အတွက် အမှတ်တရ ကျောက်တိုင်ကို သံတွဲမြို့ အနုပညာရင်ပြင်တွင် စိုက်ထူမည်ဖြစ်ကြောင်း ဆိုသည်။

အမှတ်တရ ကျောက်တိုင် စိုက်ထူမယ့် နေရာကတော့ သံတွဲမြို့ရဲ့ အောင်မြေသာစည် အနုပညာရင်ပြင်မှာဖြစ်တယ်။ ပြီးတော့ ဆရာတော် နောက်ဆုံးရေးခဲ့တဲ့ စာအုပ်ကို အသျှင် ဒေါက်တာဝိသာရဒကို  လှူဒါန်းသွားမှာ ဖြစ်တယ်။ အသျှင် ဝိသာရဒ က အဲဒီစာအုပ်ကို ထုတ်ဝေ ရောင်းချသွားဖို့ အစီစဉ်ရှိတယ်။ ရောင်းချလို့ရတဲ့ငွေကို ဆရာတော် အသျှင် ကုသလအတွက် အမှတ်တရ ကျောက်ိုင် စိုက်ထူပေးသွားမှာဖြစ်တယ်ဟု ပြောသည်။

ရခိုင်စာပေယဉ်ကျေးမှုနှင့် သမိုင်းသုတေသီ ဆရာတော် ဒွါရာဝတီ အရှင်ကုသလ (ငွေသဇင်) နောက်ဆုံးရေးခဲ့သာ စာအုပ်အမည်မှာ ရခိုင်ပြည်မှ သီရိလင်္ကာသို့ ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်ပြီး ၎င်းစာအုပ်ကို ကျောက်တိုင်အတွက် ထုတ်ဝေ ရောင်းချမည်ဟု ဆိုသည်။

ောက်ထပ် ဘာပွဲတွေပါမှာကို ကျနော်လည်း မသိသေးဘူး။ ကျနော်တို့ စာရေးဆရာ အသင်းက ဧပြီလ ၂ ရက်နေ့မှာ ပွဲအကြိုအနေနဲ့ စာပေဟောပြောပွဲ ပြုလုပ်သွားဖို့ရှိတယ်ဟု စာရေးဆရာ ဇော်မင်းထွန်း(သံတွဲ)က ပြောသည်။

 ရခိုင်စာပေယဉ်ကျေးမှုနှင့် သမိုင်းသုတေသီ ဆရာတော် ဒွါရာဝတီ အရှင်ကုသလ (ငွေသဇင်) အန္တိမ အဂ္ဂိစျာပနပွဲတော်ကို  ဧပြီ ၃ ရက်နှင့် ၄ ရက်တွင် ကျင်းပရန်  အတည်ပြုသတ်မှတ်လိုက်ပြီး နေ့ပွဲများကိုသာ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးဖြစ်သူ ဦးသောင်းထွန်းက ပြောသည်။

ဆရာတော် စျာပန ပွဲတော်ရက်ကတော့ ဧပြီလ ၃ ရက်နဲ့ ၄ ရက်မှာ ဖြစ်တယ်။ ဘုရားဒါယိကာ ဒါယိကာမတွေ ပြောတာကတော့ ရခိုငရိုးရာဓလေ့အတိုင်း ဈာပနပွဲတော်ကို ပြုလုပ်လားဖို့ ပြောကြတယ်။ အခုက တိုင်းရေးပြည်ရေး အခြေနေကမကောင်းဘူး။ အဲဒါကြောင့် နေ့ခင်းဖက်မှာပဲ ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်။ ညဉ့်ပွဲစဉ်တွေက မပါဘူး။ ရခိုင်ရိုးရာ ကျင်ပွဲတွေပါဖို့ ပြောသံကြားတယ်။ ပြီးတော့ ရခိုင်ရိုးရာ အကတွေနဲ့ ဈာပန ပွဲတော်ကို ပြုလုပ်သွားမယ်လို့ သိရတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူသည့် ရခိုင်စာပေယဉ်ကျေးမှုနှင့် သမိုင်းသုတေသီ ဆရာတော် ဒွါရာဝတီ အသျှင် ကုသလ (ငွေသဇင်) သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ၊ ၁၀ မိနစ် အချိန်က ဆရာတော် သီတင်းသုံးရာ ကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်မှာ ၁၉၆၁ ခုနှစ်တွင် မွေးဖွားခဲ့၍ ပျံလွန်တော်မူချိန်တွင် သက်တော် ၆၀၊ သိက္ခာတော် ၄၀ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ