အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် လက်မမူဆလင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးနှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီမှ သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

နိရဉ္စရာ၊ဩဂုတ် ၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု၊ လက်မမူဆလင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ နှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီတို့မှ ဩဂုတ် ၇ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
၎င်းသတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ အာရေဗီးယားသာနှစ်ခုဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) က လက်မမူဆလင်ကျေးရွာသို့ ဝင်ရောက်ရခြင်းမှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များရှိ ကျေးရွာများမှ ကျွဲများ၊ နွားများကို ခိုးယူခြင်း၊ အိမ်တက်၍ ပ္စစည်းများကို ခိုးယူခြင်း၊ ဆိုင်များကို ဖောက်ထွင်း၍ ခိုးယူခြင်းစသည်များကို လုပ်ဆောင်နေသည့် လူဆိုးသူခိုးများကို ထိန်းသိမ်းရန်အတွက် ရပ်ရွာလူကြီးများ၏ ဖိတ်ခေါ်ချက်အရ ဝင်ရောက် လာခြင်းသာဖြစ်ပြီး လက်မရွာအတွင်း ရှိနေစဉ် မူဆလင်များအားနှိပ်စက်ခြင်း၊ စော်ကားခြင်း (လုံး၀) လုံး၀ မပြုလုပ်ခဲ့ကြောင်း အာမခံသည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ခိုးမှု၊ သတ်ဖြတ်မှုတို့ကို ကျူးလွန်နေသူများသာဖြစ်ကြပြီး ရပ်ရွာလူကြီးများမှတစ်ဆင့် ထိန်းသိမ်းရန် ခေါ်ယူသွားခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။
၎င်းစာကို မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌနှင့် မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌတို့မှ လက်မှတ်ထိုးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ