သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ ကျေးရွာသားတစ်ဦး ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

၎င်းအမျိုးသားမှာ ဗုဒ္ဓေါကျေးရွာမှ ဦးသန်းထွန်းလှ(၄ဝ)နှစ်ဖြစ်သည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်း ၁ဝ နာရီခန့်က ဗုဒ္ဓေါကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ တောင်နားသို့ ထင်းရှာရန်သွားစဉ် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ခြေချင်းဝတ်မှ ပြတ်တောက်သွားကာ ညာဘက်လက်ခုံ ကြွေမွသွားကြောင်း ၄င်း၏ အစ်ကိုတော်စပ်သူ လူနာစောင့် ဦးငိုကြူးက နိရဥ္စရာသို့ပြောသည်။

“အခုယိုးတရုပ်ဆေးရုံမှာပါ။ လူနာအခြေအနေကို ကြည့်နေပါသေးတယ်။ ဒဏ်ရာကများပါတယ်။ ထင်းရှာသွားတဲ့ အချိန်မှာ မိုင်းနင်းမိသွားတာပါ ” ဟု ဦးငိုကြူးကပြောသည်။

ထင်းရှာသွားသည့်အချိန်တွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရ ရှိသွားသည်မှာ ဟုတ်မှန်ကြောင်း၊ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က နိရဥ္စရာသို့ အတည်ပြုပြောဆိုသည်။

ဆက်လက်ပြီး ဗုဒ္ဓေါကျေးရွာအနီးမှ ချောင်းတူကျေးရွာသားတစ်ဦးကလည်း ယနေ့ နံနက်ပိုင်းက ကျေးရွာအနီး ဆနွင်းတောင်အနားသို့ ထင်းရှာရန် သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတောင်အနီးတွင်း ယခင်က တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက ပြောသည်။

----------------------------

Unicode:










ဆက်စပ် သတင်းများ