သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့အနီး မိုင်း၂လုံး ပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငွေတောင်ကျေးရွာအနီး ယနေ့ မိုင်း ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငွေတောင်ကျေးရွာမြောက်ဘက် ငွေတောင်ကျေးရွာမှ ကျီးကန်းပြင်ဘက်သို့ သွားသည့် ကားလမ်းဆုံအနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ငွေတောင်ကျေးရွာမှ အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

၄င်းက “ငွေတောင်ကနေ ဌာနချုပ်(ကျီးကန်းပြင်) ဘက်သို့ သွားတဲ့လမ်းဆုံမရောက်ခင် ကားလမ်းဘေးမှာ ပေါက်တာပါ။ ၂ ချက်ပေါက်သံကြားလိုက်ရတယ်။ အခုရွာမှာတော့ အေးအေးဆေးဆေးပါ။ အဲဒီဘက်ကို ဘယ်သူမှ မသွားရဲဘူး” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ငွေတောင်ကျေးရွာသားများမှာ ကျွဲ နွားများအား လွတ်ရန် နှင့် အလုပ်လုပ်ရန် အပြင်သို့ထွက်မသွားရဲဖြစ်နေကြောင်း၊ မိုင်းပေါက်ကွဲသံ ကြားလိုက်ရသော်လည်း မည်သည့်အတွက်ကြောင့် ပေါက်ကွဲခဲ့သည်ကို မသိရကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။

အသေးစိတ်အား သိရှိရန် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက မိုင်းပေါက်ကွဲခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“မိုင်း ၂ လုံးကွဲတယ်။ တစ်လုံးက မကွဲဘဲတွေ့တယ်ဆိုတော့  ၃ လုံးပေါ့။ လူတွေဘာတွေတော့ ထိတာမရှိပါဘူး။ ဘယ်လိုကြောင့် ကွဲတယ်ဆိုတော့ မသိဘူးဗျ။ အဲဒါက ရဲတို့ တပ်တို့က သူတို့ လှုပ်ရှားတာကျတော့ သိပ်ပြောတာမဟုတ်ဘူး။ ကျနော်တို့က နောက်ပိုင်းကွဲပြီးမှသိရတာ” ဟု ခရိုင်မှူး ဦးစိုးအောင်က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်တောမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားသည်ကို ကြားသိရကြောင်း၊ မည်သည့်အတွက်ကြောင့် ပေါက်သည်ကို ခရီးလွန်နေသည့်အတွက် အသေးစိတ်မသိရကြောင်း ပြန်လည်ဖြေကြားသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ