သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလမှ အသိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ မေ ၁/၂ဝ၂ဝ


ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလာပင်လယ်အော် အရှေ့ တောင်ပိုင်းမှာ ယနေ့ မေလ ၁ရက်နေ့မှာ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ပြီး ၎င်းဟာ ပိုမိုအားကောင်းလာကာ နောက်ထပ် ၇၂ နာရီ အတွင်း မေလ ၃ ရက်နေ့မှာတော့ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဒီသတင်းကို ဧပြီ ၃ဝ ရက်နေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်ဖြစ်ပါတယ်။


အဆိုပါ မုန်တိုင်းငယ်ဟာ ကနဦးမှာ မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက်ပိုင်းမှာ မြောက်- အရှေ့မြောက်သို့ ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


မိုးလေဝသ ခန့်မှန်းရေး မော်ဒယ်များရဲ့ (၃ဝ-၄-၂ဝ၂ဝ) နေ့မြန်မာစံတော်ချိန်နံနက် (ဝဝး၃ဝ) နာရီ အချိန်ကို အခြေခံပြီး ခန့်မှန်းချက်များအရ


အိန္ဒိယ မိုးလေဝသ ဌာန၏ Global Forecasting System (GFS) Model ခန့်မှန်းချက်မှာ (၁ဝ-၅-၂ဝ၂ဝ) ရက်နေ့ထိ မုန်တိုင်းမှာ ဘင်္ဂလာပင်လယ်အော် အလယ်ပိုင်းမှာ ဆက်လက် တည်ရှိနေသေးကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။


အမေရိကန်နိုင်ငံ National Ocean and Atmospheric Administration (NOAA)/NWS/NCEP ၏Global Forecasting System (GFS) Model ရဲ့ ခန့်မှန်းချက်မှာတော့ (၇-၅-၂ဝ၂ဝ) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (ဝ၆း၃ဝ) အချိန်ခန့်မှာ မုန်တိုင်းငယ် အဆင့်နဲ့ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နိုင်ပြီး ညသံခေါင်းယံအချိန်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများကို ဆက်လက် ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


European Center for Medium Range Weather Forecast (ECMWF) Model ရဲ့ ခန့်မှန်းချက်မှာတော့ (၆-၅-၂ဝ၂ဝ) ရက်နေ့ မြန်မာစံတော်ချိန်ညနေ (ဝ၆း၃ဝ) အချိန်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းငယ် အဆင့်ဖြင့် ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။


NAVGEM (Navy Global Environmental Model) ရဲ့ ခန့်မှန်းချက်မှာတော့ (၇-၅-၂ဝ၂ဝ) ရက်နေ့ မှာ ဆိုင်ကလုန် မုန်တိုင်း အဆင့်နဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ ဘင်္ဂလာဒေ့ရှ် ကမ်းခြေကြားကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ WeatherResearchand Forecast (WRF) Model ခန့်မှန်းချက်မှာတော့ (၈-၅-၂ဝ၂ဝ) ရက်နေ့ မှာ မုန်တိုင်းဟာ ပင်လယ်ပြင်၌ သာလျှင် တည်ရှိနေပြီး အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


-------------------


Unicode:




နိရဉ်စရာ၊ မေ ၁/၂ဝ၂ဝ



















ဆက်စပ် သတင်းများ