သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဆိုင်ကလုန်မုန်းတိုင်း Amphan မေလ ၂ဝ နေ့တွင် ဘင်္ဂလာဒေ့ရှ်ကိုတိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးဇလခန့်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

နိရဥ္စရာ၊ မေ ၁၇/၂ဝ၂ဝ

ဘင်္ဂလာပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အန်ဖန် Amphan အမည်ရ ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် ၁၂ နာရီအတွင်းအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိမည် ဖြစ်ပြီး မေလ ၂ဝ ရက် မွန်းလွဲပိုင်း (သို့မဟုတ်) ညနေခင်းတွင် အိန္ဒိယနိုင်ငံ  အနောက်ဘင်္ဂလား Sagar ကျွန်းများ နှင့် ဘင်္ဂလားဒေ့ရှ် Hatiya ကျွန်းများ အကြား ကမ်းရိုးတန်း ဒေသများကို ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာန (IMD) ယနေ့ ထုတ်ဖော် ပြောကြားသည်။

IMD ၏ နောက်ဆုံးထုတ်ပြန်အချက်အရ ယနေ့မနက် ၉ နာရီတွင် Amphan သည်ပြင်းထန်သောဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ  Khepupara ၏ အနောက်တောင်ဘက် ၁,၂၆ဝ ကီလိုမီတာ အကွာ၊ အိန္ဒိယနိုင်ငံ Odisha ပြည်နယ် Paradip တောင်ဘက် ၉၉ဝ ကီလိုမီတာ နှင့် အိန္ဒိယ အနောက်ဘင်္ဂလာပြည်နယ် Digha အနောက်တောင်ဘက် ၁,၁၄ဝ ကီလိုမီတာကို ဗဟိုပြု တည်ရှိနေသည်ဟု ဆိုသည်။ 

၎င်းဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် ၂၄ နာရီအတွင်းမြောက်ဘက်သို့ဖြည်းဖြည်းချင်းရွေ့လျားပြီး မြောက်မှ အရှေ့မြောက်ဘက်သို့ ပြန်လည် ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက် ဖက်သို့ အရှိန်အဟုန်ဖြင် ရွေ့လျားနိုင်ပြီး အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်နှင့်  ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသများအား မေလ ၂ဝ ရက် နေ့လယ်ပိုင်းနှင့် ညပိုင်းတွင် ဖြတ်ကျော် ဝင်ရောက်နို်င်ကြောင်း ဖော်ပြသည်။

လက်ရှိ ဘင်္ဂလာဒေ့ရှ် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းသတိပေးချက် အဆင့်  ၄ ကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။   

---------------------------- 

Unicode:


နိရဉ်စရာ၊ မေ ၁၇/၂ဝ၂ဝ 





ဆက်စပ် သတင်းများ