စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်မှကင်းတောင်ရွာတွင် စျေးမီးလောင်၍ ဆိုင်ခန်း ၂ဝ နှင့် လူနေအိမ် ၂ လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

သန္႔ျမတ္ခိုင္

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၇/၂၀၂၀

မ်ားမၾကာမီက လက္နက္ၾကီးက်ည္က်၍ အမ်ိဳးသမီး ႏွစ္ဦးေသဆံုးခဲ့ရသည့္ ဘူးသီးေတာင္ ျမိဳ႕နယ္ ကင္းေတာင္ေက်းရြာတြင္ ယေန႕နံနက္ အေစာၾကီးက မီးေလာင္၍  ေစ်းဆိုင္ခန္း ၂၀ ႏွင့္ လူေနအိမ္ ၂ လံုး မီးထဲပါသြားခဲ့သည္ဟု  သတင္းရရွိသည္။

မီးမွာ ယေန႕ ညဥ့္ ၂ နာရီခန္႔တြင္ ကင္းေတာင္အုပ္စု ကင္းေတာင္ေက်းရြာ ေစ်းဆိုင္တန္းမ်ားထဲမွ မူဆလင္လူမ်ိဳး ဒီလ္မာေမာက္(ဘ) မတာေလာင္၏ လဖက္ရည္ဆိုင္မွ စတင္ေလာင္ကြ်မ္းခဲ့ျခင္း ျဖစ္ေၾကာင္း ဒံုးသိမ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက နိရဥၥရာသတင္းဌာန သို႔ေျပာသည္။

“ေလာင္တာက ဆိုင္တန္းေတြေလာင္တာပါ။ ဆိုင္က စားကုန္ေရာင္းတဲ့ ဆိုင္းတန္းေတြပါ။ လဖက္ရည္ဆိုင္ရွိပါတယ္။ အဲဒီလဖက္ရည္ဆိုင္က မီးၾကြင္းမီးက်န္ကေန စေလာင္တာပါ။ ေပါ့ဆမီးလို႔ ေျပာရမယ္” ဟု ဒံုးသိမ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

လက္ရွိတြင္ မီးေလာင္မႈတြင္ပါသည့္သည့္ ဆံုးရွံဳးမွဴးတန္ဖိုးႏွင့္ ဆိုင္ပိုင္ရွင္၊ ေနအိမ္ပုိင္ရွင္မ်ား စားရင္းအား ေကာက္ယူေနဆဲ ျဖစ္သည္ဟု ေက်းရြာတာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူ တိရစၦာန္ ေသဆံုး ဒဏ္ရာရရွိမႈရွိမရွိ မသိရေသးပါ။

ဘူးသီးေတာင္ျမိဳ႕နယ္မွ ၎ကင္းေတာင္မူဆလင္ေက်းရြာတြင္ ဇန္န၀ါရီ ၂၅ ရက္ေန႔ နံနက္ အေစာၾကီး ညဥ့္အခ်ိန္တြင္ လက္နက္ၾကီး က်ည္က်ေရာက္ေပါက္ကြဲ၍ အမ်ိဳးသမီး  ၂ ဦးေသဆံုးျပီး  ၇ ဦး ဒဏ္ရာ ရရွိခဲ့သည္။

----------------------------

Unicode:

ဘူးသီးတောင်မြို့နယ်မှကင်းတောင်ရွာတွင် စျေးမီးလောင်၍ ဆိုင်ခန်း ၂၀ နှင့် လူနေအိမ် ၂ လုံးဆုံးရှုံး

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၇/၂၀၂၀

များမကြာမီက လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ရသည့် ဘူးသီးတောင် မြို့နယ်မှ ကင်းတောင် မူဆလင် ကျေးရွာတွင် ယနေ့နံနက် အစောကြီးက မီးလောင်၍  စျေးဆိုင်ခန်း ၂၀ နှင့် လူနေအိမ် ၂ လုံး မီးထဲပါသွားခဲ့သည်ဟု  သတင်းရရှိသည်။

မီးမှာ ယနေ့ ညဉ့် ၂ နာရီခန့်တွင် ကင်းတောင်အုပ်စု ကင်းတောင်ကျေးရွာ စျေးဆိုင်တန်းများထဲမှ မူဆလင်လူမျိုး ဒီလ်မာမောက်(ဘ) မတာလောင်၏ လဖက်ရည်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဒုံးသိမ်ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာန သို့ပြောသည်။

“လောင်တာက ဆိုင်တန်းတွေလောင်တာပါ။ ဆိုင်က စားကုန်ရောင်းတဲ့ ဆိုင်းတန်းတွေပါ။ လဖက်ရည်ဆိုင်ရှိပါတယ်။ အဲဒီလဖက်ရည်ဆိုင်က မီးကြွင်းမီးကျန်ကနေ စလောင်တာပါ။ ပေါ့ဆမီးလို့ ပြောရမယ်” ဟု ဒုံးသိမ်အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် မီးလောင်မှုတွင်ပါသည့်သည့် ဆုံးရှုံးမှူးတန်ဖိုးနှင့် ဆိုင်ပိုင်ရှင်၊ နေအိမ်ပိုင်ရှင်များ စားရင်းအား ကောက်ယူနေဆဲ ဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူ တိရစ္ဆာန် သေဆုံး ဒဏ်ရာရရှိမှုရှိမရှိ မသိရသေးပါ။

ဘူးသီးတောင်မြို့နယ်မှ ၎င်းကင်းတောင်မူဆလင်ကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် အစောကြီး ညဉ့်အချိန်တွင် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး  ၂ ဦးသေဆုံးပြီး  ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။


ဆက်စပ် သတင်းများ