သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ငတောက်တူချေရွာမှ နေအိမ် ၈ လုံးမီးရှို့ခံရဟု ကျေးရွာသားများပြော

  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၅ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာမှ နေအိမ် အချို့ ယမန်နေ့ ညနေ ၅ နာရီကျော် မီးရှို့ခံရပြီး နေအိမ် ၈ လုံး မီးလောင်းသွားခဲ့သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။

မီးရှို့ခံရသော နေအိမ်များမှာ ငတောက်တူချေရွာဟောင်းမှ ဦးသိန်းမောင်၊ ဦးဇော်ဇော်ဦး၊ ဦးချက်ကြီးအောင်၊ ဦးကျော်လှိုင်၊ ဦးဝေထွန်းအောင်နှင့် ဦးမောင်သန်းမြင့် နေအိမ်တို့ ဖြစ်ကြပြီး ငတောက်တူချေရွာသစ်မှ ဦးစံသိန်းနှင့် ဦးမောင်ဘသန်းအိမ်တို့ဖြစ်ကြကြောင်း ငတောက်တူချေကျေးရွာမှ ဦးညိုဇံအောင်က ပြောသည်။

" ဒီနေ့ မနက်က ကျနော်တို့သွားကြည့်တော့ ရွာဟောင်းက ၆ ဆောင်နဲ့ ရွာသစ်က ၂ ဆောင် စုစုပေါင်း ၈ ဆောင် မီးထဲမှာ ပါသွားတာကို တွေ့ရှိရတယ်" ဟု ဦးညိုဇံအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုလိုမျိုး အပြစ်မရှိသော ပြည်သူများအား နိုင်ထက်စီးနှင်း လုပ်ခြင်းမျိုးကို မပြုလုပ်စေလို်ကြောင်း ၄င်းက ဆက်ပြောသည်။

ငတောက်တူချေဆရာတော် ဦးကုမာရက“ ရွာနားမှာ တိုက်ပွဲဖြစ်ပွားတာတွေလည်း မရှိဘဲနဲ့ ရွာကို တမင် မီးရှို့့တာ ဖြစ်ပါတယ် ။ ရွာမှာအိမ်ခြေကတော့ ၁၄ဝ ကျော်လောက်ရှိတယ်။ ဒီမီးရှို့ဖျက်ဆီးမှု အပေါ် အထက်ဌာနဆိုင်ရာ လူကြီးများအနေနဲ့ စိစစ် အရေးယူဆောင်ရွက်ပေးစေလိုပါတယ်”ဟု မိန့်ကြားသည်။

တိုက်ပွဲများဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ ယခုကဲသို့ မီးရှို့့ခံရမှုမှာ အထူး ဝမ်းနည်ဖွယ်ရာ ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

--------------------

Unicode:

ဆက်စပ် သတင်းများ