ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေ အုန်းတောကြီးမြောက်ဒုက္ခသည်စခန်းမီးလောင်၊ ကလေးငယ်တစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 856

သျှင်းမင်းဇံ

နိရဥ္စရာ ၊ သြဂုတ် ၂၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းဒုက္ကာကျေးရွာအုပ်စု၊ အုန်းတောကြီးမြောက်ကျေးရွာ IDP ဒုက္ခသည်စခန်းတစ်ခုတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။  

၎င်းမီးမှာ သြဂုတ်လ ၂ဝ ရက် ညနေ ၆ နာရီ အချိန်တွင် စတင် လောင်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းရှိ လိုင်းခန်း နေအိမ်အဆောင်တစ်ခု၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့်အနီးရှိ ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် (၄၅) ရက် လသားအရွယ် မိန်းကလေးငယ် (၁) ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။ 

မီးကြောင့် (၄၅-၃ဝ) ပေရှိ  သွပ်မိုး၊ဝါးထရံကာ၊ ဝါးခင်း လူနေအိမ်အဆောင် (၇) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၂၉ ဦး (ကျား ၁ဝ၄ ဦး၊ မ ၁၂၅) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု သိရသည်။ 

စစ်တွေခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၂) ဦး၊ ကျေးရွာနေပြည်သူများနှင့် အရန်မီးသတ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ရာ ၆ နာရီ ၃ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်ဟု သိရသည်။ 

(ဓာတ်ပုံ- ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး)


ဆက်စပ် သတင်းများ