ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မင်းပြားမီး လူနေအိမ်နှစ်လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ယမန်နေ့  ညနေ ၆ နာရီခွဲ အချိန်ခန့်က လောင်ကျွမ်းခဲ့သော မီးလောင်ကြောင့် တစ်ထပ် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင့် မင်းပြားမြို့ မီးသတ်စခန်းမှတဆင့် သိရှိရသည်။

မီးလောင်ကျွမ်းသွားခဲ့သည့်အိမ်မှာ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်ဖြူချေ နှင့် ဦးအောင်ကျော်ညွှန့် အိမ်ဖြစ်ကြောင်း သိရသည်။

မီးစတင်လောင်ခြင်းမှာ ဦးမောင်ဖြူချေ  ကုန်စုံဆိုင်၌ နှစ်ပင်လိမ်ဝါယာကြိုး ဟောင်းနွမ်းဆွေးမြည့်ရာမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးအနားမှ နေအိမ်တစ်လုံးသို့လည်း ကူးစက် လောင်ကျွမ်းခဲ့သည်ဟု မင်းပြားမြို့နယ်၊ မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးလူမော်ကပြောသည်။

 “ မီးလောင်တာကတော့ ဟောင်းနွမ်းနေတဲ့  နှစ်ပင်လိမ် ဝါယာကြိုးရှော့ဖြစ်ပြီး မီးစလောင်တာပါ။ ဘေးနားက ဦးအောင်ကျော်ညွှန့် အိမ်လည်း မီးလောင်သွားတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ အတွက် မီးဘေးဒုက္ခသည် တွေကတော့ နီးစပ်ရာဆွေးမျိုးအိမ်တွေမှာ နေကြတယ်” ဟုပြောသည်။

မီးလောင်မှုကြောင့် ကျား ၇၊  မ ၃ ဦး၊  စုစုပေါင်း ၁ဝ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၁) ထပ်လူနေအိမ် နှစ်လုံးဆုံးရှုံးသွားပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၃၇ သိန်း ၅ သောင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ စာရင်းအရ သိရှိရသည်။

မီးစတင်လောင်ကျွမ်းသော ကုန်စုံဆိုင်ပိုင်ဆိုင် ဦးမောင်ဖြူချေအား ပေါ့ဆမှုဖြင့် အမှုဖွင့်ထားကြောင့် သိရှိရသည်။

(photo - Rakhine Fire Force)

ဆက်စပ် သတင်းများ