ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေ မကျည်းမြိုင်မီးလောင်၊ အိမ်ခြေ ၇ လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

နိရဉ္စရာ၊ မတ်လ ၁၂/၂၀၂၁

 

စစ်တွေမြို့၊ မကျည်းမြိုင် (၅)ရပ်ကွက်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၇ လုံးမီးထဲပါသွားကြောင်း သတင်းရရှိသည်။

 

မီးလောင်သွားသော နေအိမ်များမှာ ဦးအေးထွန်းဝင်း၊ ဦးထွန်းလှကျော်၊ ဦးလှအောင်သိန်း၊ မခင်ဂျူးဂျူး၊ ဒေါ်စန္ဒာဝင်း၊ ကိုနေကြည်လင်းနှင့် ကိုနိုင်စိုး တို့ ဖြစ်ကြသည်။

 

၎င်းမီးမှာ ဦးအေးထွန်းဝင်းအိမ်မှ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က စတင်လောင်ခြင်း ဖြစ်ပြီး နံနက် ၁၁ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရသည်။ လူအထိအခိုက်မရှိဟု ဆိုသည်။

 

လက်ရှိ အချိန်တွင် ၎င်းမီးလောင်မှုနှင့် ပတ်သက်ပြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ