သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောတွင် မီးကြွင်းမီးကျန်မှတဆင့်မီးလောင်မှုဖြစ်၍ နေအိမ်နှစ်လုံးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပေါက်တော-မင်းပြားကားလမ်းမဘေးရှိ ရွာချောင်းကြီးကျေးရွာတွင် ယနေ့ မွန်းတည့်အချိန်က မီးလောင်မှုဖြစ်၍ နေအိမ်နှစ်လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။
မီးလောင်ပျက်စီးသွားသည့်နေအိမ်များမှာ အဆိုပါကျေးရွာမှ ဦးကျော်စိန်ဖြူနှင့် ဦးမောင်သန်းညွန့်တို့၏ နေအိမ်များဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက နိရဥ္စရာအား ပြောသည်။
“ပေါ့ဆမီးလောင်တာပါ။ ထမင်းချက်ပြီး ကျန်ခဲ့တဲ့မီးသွေးတွေကိုမငြိမ်းဘဲ ဘုန်းကြီးကျောင်းကိုဆွမ်းပို့သွားရင်း လောင်ခဲ့တာပါ” ဟု ပြောသည်။
အဆိုပါမီးမှာ ဦးကျော်စိန်ဖြူ၏နေအိမ်မှ စတင်လောင်ကျွမ်းကာ ဦးမောင်သန်းညွန့်၏ နေအိမ်သို့ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များမှာ ခြေတံရှည်အိမ်အမျိုးအစားဖြစ်ပြီး ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုးများဖြစ်သည်ဟု သူက ဆက်ပြောသည်။
ပျက်စီးဆုံးရှူံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်သည့်အတွက် လောလောဆယ်မသိနိုင်သေးဟုလည်း ဆိုသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဟုလည်း သိရသည်။
Photo - U Myo Min Tun

ဆက်စပ် သတင်းများ