အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့ဦးဥတ္တမပန်းခြံအတွင်း မူဆလင်အမျိုးသားတစ်ဦးသေဆုံး၍တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်း၌ မူဆလင်အမျိုးသားတစ်ဦးသေဆုံး၍ တွေ့ရှိရကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့် က ဦးဥတ္တမပန်းခြံအတွင်းမှ ခုံတန်း တစ်ခုပေါ်တွင်  အရက်သေစာသောက်စားကာ မိုးရေခံပြီး အိပ်နေခဲ့ရာမှ လေဖြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးဥတ္တမပန်းခြံတွင် တာဝန်ကျသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသားမှာ စစ်တွေမြို့ဆေးသမားကြီးကျေးရွာမှ နူကာမာ အသက် (၃၅) နှစ်ဖြစ်ပြီး စိတ်ရောဂါ ဝေဒနာရှင်ဖြစ်၍ ၄င်း၏ မိသားစုဝင်များနှင့်လည်း အတူမနေကြောင်း သိရသည်။

လက်ရှိတွင် ၄င်းမှာ မူဆလင်များနေထိုင်သည့် စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်တွင် ၃ လခန့် အိုးအိမ်မဲ့ နေထိုင်ခဲ့ကြောင်းလည်း စစ်ဆေးချက်အရ တွေ့ရသည်ဟု ၎င်းရဲအရာရှိက ပြောကြားသည်။

အဆိုပါသေဆုံးသူအလောင်းအား ယနေ့ နေ့လယ် ၁၂ နာရီခန့်က  ပန်းခြံအတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိရဲအရာရှိများနှင့် အောင်မင်္ဂလာရပ်ကွက်မှ ရပ်ကွက်တာဝန်ခံရောက်ရှိလာကာ သေဆုံးသူအလောင်းအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မူဆလင်နာရေးကူညီမှုအသင်းမှ ကားဖြင့် အလောင်းအားတင်ယူသွားခဲ့သည်။

၎င်း၏ မိသားစုများနှင့် ဆက်သွယ်ရန် ဖုန်းနံပတ် မရရှိသဖြင့် မိသားစုဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

ဆက်စပ် သတင်းများ