သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် ဓာတ်လိုက်၍ လူနှစ်ဦးသေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ငလပွေ့ကျးရွာ တွင် ယနေ့နံနက် ၇ နာရီခန့်က ပြတ်ကျနေသည့် သွပ်နန်းကြိုး တစ်ဆင့် ဓာတ်လိုက်မူ ဖြစ်ပွား၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ ကျောက်ဖြူမြို့နယ် ငလပွေ့မှ ဒေါ်မြင့်မြင့်ဌေး အသက်(၄ဝ)နှစ်နှင့် သေဆုံးသွားသည့် အမျိုးသားမှာ သံတွဲမြို့နယ် ကင်းမော်ကျေးရွာမှ မောင်နိုင်ဦး(ခ)အောင်နိုင်ဦး အသက်(၂၂) နှစ်တို့ဖြစ်ကြောင်း  သိရသည်။

“သေဆုံးသူအမျိုးသားနဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ငလပွေ့ရွာကနေ ကျောက်ဖြူကားဂိတ်ကိုသွားတဲ့လမ်းမှာ အမျိုးသမီး တစ်ယောက် ဓာတ်လိုက်နေတာကိုမြင်လို့ သွားပြီး ဆွဲရာကနေ သွားဆွဲတဲ့  မောင်နိုင်ဦးရော၊ အမျိုးသမီး ဒေါ်မြင့်မြင့်ဋ္ဌေး ရော နှစ်ယောက်စလုံး ဓာတ်လိုက်သေသွားပါ"ဟု ကျောက်ဖြူမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မိုးဝင်းက နိရဥ္စရာအား အတည်ပြု ပြောကြားသည်။

သေဆုံးသွားသည့်အမျိုးသားနှင့် သူငယ်ချင်းနှစ်ဦးသည် ငလပွေ့ကျေးရွာတွင် အလုပ်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“မနက်က သေတဲ့နေရာ ဓာတ်တိုင်အောက်မှာ ရေအိုင်ဖြစ်နေတာပါ။ ဓာတ်ကြိုးပြတ်ကျတာ မဟုတ်ဘဲ သွယ်ထားတဲ့ သွပ်နန်းကြိုးပြုတ်ကျနေတာပါ။ အဲဒီ ကနေ ဓာတ်လိုက်တာပါ”ဟု ကျောက်ဖြူရဲစခန်းမှ နယ်ထိန်းစာရေး ကိုဆလိုင်းကလည်း အခင်းဖြစ်သည့်နေရာမှ ပြောကြားသည်။

လက်ရှိတွင် ဓာတ်သေဆုံးသူ နှစ်ဦးအား ကျောက်ဖြူမြို့နယ် ရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားပြီး ဆောင်ရွက်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ