သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် ဝါးတောင်ကျေးရွာတွင် လင်မယားနှစ်ဦး အသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာမှ လင်မယားနှစ်ဦး ယမန်နေ့ ညနေပိုင်းက အသတ်ခံရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူ လင်မယားနှစ်ဦးမှာ ဦးရဲလွင် (၅၂) နှစ်၊ ဒေါ်တင်တင်ထွေး (၄၉)နှစ် ဖြစ်ကြောင်း သိရသည်။

ကျေးရွာ လူကြီး တစ်ဦးက “ အခင်းဖြစ်တာက မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အိမ်ထဲကို သွားမကြည့်ရဲတော့ ရဲကို အကြောင်းကြားပါတယ်။ ရဲတပ်ဖွဲ့ နဲ့ သွားကြည့်တော့ ၆ နာရီခွဲလောက်ရှိပါပြီ။ ဒဏ်ရာတွေ အများကြီးရထားတာကို တွေ့ရပါတယ်။ မြင်မကောင်းအောင် ဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။

အလောင်းများအား ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ရဲစခန်းသို့ ယူဆောင်သွားသည်ဟု သိရသည်။

“ အရပ်ဝတ်နဲ့လို့ ပြောတာပါဘဲ။ သူတို့က ဝင်သတ်သွားတာလို့ သိရပါတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့လည်း အရမ်းစိုးရိမ်နေပါတယ်” ဟု ပြောကြားသည်။

အသတ်ခံရသူလင်မယားနှစ်ဦးတွင် တက္ကသိုလ်အဆင့် တက်ရောက်သင်ကြားနေသူ သားတစ်ဦးနှင့် ၆ တန်းတက်နေသည့် ၁ဝ နှစ် အရွယ် သမီးငယ် တစ်ဦးတို့ ကျန်ခဲ့ကြောင်း သိရသည်။

အနီးအနားရှိ ကံစောက် ရဲစခန်းသို့ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

ဆက်စပ် သတင်းများ