အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မောင်တောနယ်စပ်ခြံစည်းရိုးအားကျော်တက်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူနှစ်ဦးကို ငွေကျပ်သိန်း ၇ဝဝဝ နီးပါးတန်ဖိုးရှိ ယာဘားဆေးပြားများနှင့် အတူဖမ်းဆီးမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ခြံစည်းရိုးအားကျော်တက်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူနှစ်ဦးကို ငွေကျပ်သိန်းပေါင်း ခုနှစ်ထောင်နီးပါးတန်ဖိုးရှိ ယာဘားဆေးပြားများနှင့် အတူဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ  ဇွန်လ ၁၂ရက်နေ့ ညနေက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ ရက်နေ့ ည ၁ဝ နာရီခွဲခန့်တွင် မြန်မာဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုးအား ကျော်တက်နေသူ မသင်္ကာဖွယ်ရာ လူနှစ်ဦးအားတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား  ၃၄၁၂၅ဝ ပြားများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

၎င်းဆေးပြားများ တန်ဖိုးမှာ ကာလပေါက်စျေး  ငွေကျပ်သိန်း ၆၈ဝဝ ကျော်ဖိုး ရှိကြောင်းသိရသည်။

ဖမ်းဆီးရမိသူများမှာ ဘင်္ဂလီလူမျိုး အာရာဖတ်(ဘ)မာမတ်ခမ် နှင့် မာမတ်နူရ်(ဘ)နိုရာမင် တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။.

လက်ရှိတွင် ၄င်းဖမ်းဆီးရမိသူများအား ပြင်ဖြူနယ်မြေခံ ရဲစခန်းတွင် ထိမ်းသိမ်း စစ်ဆေးနေကြောင်းသိရသည်။

မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် မေလ ၃ဝနှင် ၃၁ ရက်နေ့များ အတွင်း၌ ယာဘာစိတ်ကြွဆေးပြား ၁ဝ သန်းနီးပါးဖမ်းဆီးရမိခဲ့သည်။


ဆက်စပ် သတင်းများ