သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၇ သိန်းကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ကာလပေါက်စျေး ကျပ်သိန်းပေါင်း ၁၄၄၃ဝ တန်ဖိုးရှိသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၇၂၁၅ဝဝ ပြားအား ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇နာရီခွဲအချိန် မောင်တောမြို့နယ် ငန်းချောင်းကျေးရွာ မြောက်ဖက် တောင်ကြောပေါ်မှ လူမနေသည့်နေအိမ်တစ်လုံးအား သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဆာလာအိတ် ၄ အိတ်ဖြင့် ထည့်လျက် WY/R စာတမ်းပါ စိတ်ကြွဆေးပြားအများအပြားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့နယ် မူယစ်တပ်ဖွဲ့ရဲမှူး သောင်းမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မူးယစ်တပ်ဖွဲ့မှ ရဲမှူးသောင်းမြင့်က “ကျနော်တို့က နခခ(၂)၊ နခခ(၆)၊ နောက်ကျနော်တို့ မောင်တောရဲတပ်ဖွဲ့(၄၆)က ကျနော်ပေါ့ ရဲမှူး သောင်းမြင့်၊ နောက်ပြီးတော့ ငန်းချောင်းစခန်းက ဒုရဲအုပ်ဇင်မင်းဦး ဦးစီးတဲ့ အဖွဲ့၊ ငန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရဲ့အဖွဲ့ဝင် ၄ ဦးတို့ ပါပါတယ်။ အဲဒီအဖွဲ့တွေနဲ့ အတူ ပူးပေါင်းအဖွဲ့တွေက သတင်းအရ သွားရောက်ရှာတဲ့အခါမှာ ဆာလာအိတ်တွေနဲ့ ထုတ်ပြီးတွေ့ရှိခဲ့တာပါ” ဟု ပြောသည်။

အဆိုပါလူမနေသည့် အိမ်ထဲမှာ ဆာလာအိတ် ၄အိတ်ကိုတွေ့ရပြီး ထိုအိတ်အားဖွင့်ပြီးစစ်ဆေးစဉ် ဆာလာအိတ် ၄အိတ်အတွင်း အထုတ်ပေါင်း ၇၄ထုတ်အားထပ်မံတွေရှိခဲ့ရပြီး တစ်ထုတ်လျှင် WY/R စာတမ်းပါ စိတ်ကြွဆေးပြားအများအပြား ၉၇၅ဝ ပြားစီပါရှိကြောင်း ၄င်းက ဆက်ပြောသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အဆိုပါလူမနေသည့် နေအိမ်မှာ ၂ဝ၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသော နူရ်မာမတ်(၆ဝ)နှစ်၏ နေအိမ်ဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၏ ပိုင်ရှင်အား ငခူရစခန်းမှူးအပါဝင် အမှုစစ်အဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်းများနှင့် ပူးပေါင်းပြီး ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ထိုမူးယစ်ဆေးဝါးများအား ငခူရရဲစခန်းတွင် မယပ ၁၄/၂ဝ၁၉  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဥပဒေပုဒ်မ ၁၉က နှင့် အမှုဖွင့် ထားကြောင်း မောင်တောမြို့နယ် မူယစ်တပ်ဖွဲ့ မှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း မောင်တောမြို့နယ် လသာကျေးရွာအနီး လယ်ကွင်းပြင်တွင် ဆာလာအိတ်ဖြင့်ထုတ်ပြီး WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၇၅ဝ ပြားကို ပိုင်ရှင်မဲ့ဖမ်းဆိးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်ထဲရေး
--------------------- 

Unicode:












ဆက်စပ် သတင်းများ