ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မောင်တောတွင် ကာလပေါက်စျေး သိန်း ၂၂၈၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ လူတစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊သြဂုတ်၁၄/၂၀၂၁
ရခိုင်ပြည်၊မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်ရှိ၊ သား/ငါးစျေးလမ်းဘေးအနီးတွင် ကာလပေါက်စျေး သိန်း ၂၂၈၀ တန်ဖိုးရှိ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၄ဝဝဝ)နှင့်အတူ လူတစ်ဦးအား ဖမ်းမိခဲ့သည်ဟု မောင်တောစခန်းမှူး ဦးမြင့်ကျော်ဦးက နိရဥ္စရာသတင်းဌာကို အတည်ပြု ပြောကြားသည်။
“သြဂုတ်လ ၁၃ရက်နေ့ ညနေ၃နာရီလောက်က ကျနော်တို့ သတင်းရလို့ သူစီးလာတဲ့ ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာကနေ ဖမ်းမိတာဖြစ်ပါတယ်။ တရားခံနှင့်အတူ ဆေးပြားတွေမိတာပါ။ တရားခံက ဦးအောင်သိန်းလှ (၃၆) နှစ်၊ အောင်သာယာကျေးရွာပါ” ဟု သူကပြောသည်။
လက်ရှိတွင် သူ့အား စစ်ဆေးနေပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုသွားမည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ