အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေတွင် တစ်ရက်အတွင်း ဆေးခြောက်အပါအဝင်မူးယစ်ဆေးဝါးများနှင့်အတူ ၃ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

သဥ္ဇာနွယ်
နိရဥ္စရာ၊သြဂုတ်၁၈/၂၀၂၁
စစ်တွေမြို့မှာ သြဂုတ်လ ၁၆ရက်နေ့က မူးယစ်ဆေးဝါးနှင့် ဆေးခြောက်များအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖမ်းဆီးမိသောသူများမှာ ပေါက်တောမြို့နယ်ကဖြစ်ပြီး စစ်တွေမြို့ စက်ရုံစု ရပ်ကွက်၊ အေးသာယာ လမ်းမနေ အောင်မင်းစိုး(၂၃)နှစ်၊စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၊ သံတော်လီ ကျေးရွာရှိ ဦးနော်ဘီဟူးဆောင်း(၄၆)နှစ်နှင့် ဒေါ်ဟာဆီနဘေဂါမ်(၃၂)နှစ်တို့ဖြစ်ကြောင်း စစ်တွေမူးယစ် ဒုရဲအုပ် ဦးသက်လွင်ဦးက ပြောသည်။
“အဖမ်းခံတဲ့သူတစ်ဦးက ပေါက်တောကပါ။ ဆေးပြားတွေကိုပေါက်တောက သူ့သူငယ်ချင်းက ပို့ပေးလိုက်တာလို့ပြောတယ်။ ဆေးပြား ဖမ်းမိတာက အနီရောင် ၁ဝဝဝပြား၊ တစ်ပြားကို ၁ဝဝဝစျေးနူန်း၊ ကာလပေါက်စျေး ကျပ်သိန်း၁၀ပေါ့” ဟု သူကပြောသည်။
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၊သံတော်လီ မူဆလင်ကျေးရွာတွင်လည်း နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှ ဆေးခြောက်များနှင့်ဆေးပြားအချို့ကို ဖမ်းဆီးရမိကြောင်း ဆတ်ရိုးကျ စခန်းမှူးဦးသိန်းသန်းက နိရဥ္စရာသို့ ပြောသည်။
“ဦးနော်ဘီဟူးဆောင်းနေအိမ်မှ ဆေးခြောက်(၁.၄)ဂရမ်ခန့် နှင့် WY ပန်းရောင် ဆေးပြား၃ပြား ၊ဒေါ်ဟာဆီနာဘေဂါမ် နေအိမ်မှ ဆေးခြောက်(၄.၃) ဂရမ်ခန့်နှင့်WYပန်းရောင်ဆေးပြား၃ပြားကို ဖမ်းမိတယ်”ဟု သူကပြောသည်။
ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင်သြဂုတ် ၅ရက်နေ့မှ ၁၇ ရက်အတွင်း မူးယစ်ဆေးဝါး ဖမ်းမိသူ စစ်တွေတွင် ၄ဦးနှင့် မောင်တောမှ ၁ ဦး၊ စုစုပေါင်း ၅ဦး ရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ