အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်တွေဆတ်ရိုးကျချောင်းတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ ဆတ်ရိုးကျချောင်းတွင် ရေနစ်မြုပ်သေဆုံးနေသည့်အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းမှာ အသက် ၄ဝ ခန့်ရှိပြီး ယနေ့ သြဂုတ်လ ၃၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဒေးဗစ်က နိရဥ္စရာကိုပြောသည်။
“သေဆုံးသူက ဘယ်သူလဲဆိုတာကို ခန့်မှန်းမရကြသေးဘူး။ ရဲတွေနဲ့စစ်ဆေးနေတယ်။”ဟု ပြောသည်။
အဆိုပါအလောင်းကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟုလည်း သိရသည်။
ဆတ်ရိုးကျရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက “သေဆုံးသူက ကျနော်တို့ဘက်ကတော့ မဟုတ်ဘူး။ ဘယ်သူဖြစ်တယ်ဆိုတာလည်း မသိသေးဘူး။”ဟု နိရဥ္စရာကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေအမှတ် ၁ စခန်းမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ