သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တားနေသည့်ကြားကအမည်မသိလူတစ်ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တားနေသည့်ကြားထဲက အမည်မသိလူတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။
ကြိုးဆွဲချသေဆုံးသွားသူမှာ အသက်(၂၅) နှစ်အရွယ်ခန့့်ရှိသည့် အမည်မသိအမျိုးသားတစ်ဦးဖြစ်သည်။
သူသည် မင်းပြားမြို့ ပြည်တော်သာရပ်ကွက်၊ ဦးသာထွန်းမောင်၏နေအိမ်ရှေ့ရှိ ဗာဒံပင်တွင် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
သူကြိုးဆွဲချမသေဆုံးမီ ယနေ့ အရုဏ်ချိန် နံနက် ၄ နာရီခန့်က မင်းပြားမြို့ မြစ်ကမ်းနားဘက်မှ တက်လာပြီး ဦးသာထွန်းမောင်၏ အိမ်ရှေ့ဗာဒံပင်ပေါ်သို့ တက်ရောက်သွားသည်ဟု ရပ်ကွက်က လာရောက်သတင်းပေးလာသဖြင့် သွားရောက် ဖျောင်းဖျပြောဆိုပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်ဟု ပြည်တော်သာအုပ်ချုပ်ရေးမှူး ဦးမောင်ဘုချေက နိရဥ္စရာအားပြောသည်။ သို့့ရာတွင် တားမရဘဲ လူအများရှေ့တွင်ပင် ဝတ်လာသည့် အကျႌကိုချွတ်၍ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဦးလေးရောက်သွားပြီး ကောင်လေး မင်းဘာဖြစ်လာလဲ ဦးလေးကိုပြော။ ဦးလေးက ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးပဲ။ အားလုံးကူညီပေးမယ်။ လက်ဖက်ရည်ဆိုင်သွားကြမယ်လာဆိုပြီး အောက်က ချော့မော့ပြောတယ်။ ရဲသား နှစ်ယောက်လည်း ရောက်ပြီး အောက်က ဆင်းလာဖို့ပြောနေရင်း သူဝတ်လာတဲ့အကျႌနဲ့ ကြိုးဆွဲချလိုက်တာပဲ။” ဟုပြောသည်။
၄င်းအမျိုးသားမှာ ဗာဒံပင်၌ အမြင့်ပေ ၂ဝ ခန့်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး ဘာကိုမျှ မေးမြန်း၍ မရခဲ့ကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင် အလောင်းမှာ မည်သူဖြစ်သည်ကို မသိရှိရသေးဘဲ မင်းပြားဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
Photo Crd- နိရိဥ္စရာဖိုးဖိုး

ဆက်စပ် သတင်းများ