ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေပွိုင့်ကမ်းခြေသွားလမ်းကမ်းစပ်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီး ပွိုင့်ကမ်းခြေသွားလမ်း သောင်စပ်၊ ဒီရေတောခြုံပုတ်ထဲတွင် အမည်မသိအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းမှာ အသက်(၃ဝ) ကျော်အရွယ်ခန့်ရှိပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီဟု ခန့်မှန်းရကြောင်း စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဒု-ဥက္ကဋ္ဌ ကိုမင်းသာဂီက နိရဥ္စရာအား ပြောသည်။
“အလောင်းက အနံ့ထွက်နေပါပြီ။ အရုုပ်ကပျက်နေလို့ ဘယ်သူဘယ်ဝါမသိရသေးပါဘူး။ အလောင်းတွေ့တယ်လို့ လမ်းသွားလမ်းလာတွေသတင်းပို့လာလို့သိရတာပါ။ ကျွန်တော်တို့ရောက်ပြီး ခဏနေတော့ ရဲနဲ့ နာရေးကူညီမှုအသင်းကရောက်လာပြီး အခုဆေးရုံရင်ခွဲရုံကိုပို့ထားပါတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းမှူးအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၄င်းမှာ ဆေးရုံရင်ခွဲရုံသို့ ရောက်နေသဖြင့် တစ်စုံတစ်ရာဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။
Photo - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ