စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နှစ်ပေါင်း ၁၃ဝဝ ကျော် သမိုင်းဝင်ဝေသာလီခေတ်ကြေးဆီမီးခွက်ကို ရခိုင်ပြည်သူများထံသို့လူပုဂ္ဂိုလ်သုံးဦးမှ တစ်ဆင့် လွှဲပြောင်းပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

စိုးဇံအောင်
နိရဥ္စရာ ၊ ဇန်နဝါရီ ၈ / ၂ဝ၂ဝ

နှစ်ပေါင်း ၁၃ဝဝ ကျော်မှ ရခိုင့်အမွေအနှစ်တစ်ခုဖြစ်သည့် ဝေသာလီခေတ် ကြေးဆီမီးခွက်ကို ရခိုင်ပြည်သူများထံသို့  လူပုဂ္ဂိုလ် သုံးဦးမှ တစ်ဆင့် လှူဒါန်းသူက လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။

၄င်း ကြေးဆီမီးခွက်ကို လက်ခံသူ သုံးဦးမှာ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အကြံပေးပညာရှင် ဒေါ်နုမြဇံနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်အောင်စိုးတို့ ဖြစ်ကြသည်။

ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်အမျိုးသားပြတိုက်တွင် ပြုလုပ်သည့် ရခိုင်အမွေအနှစ် ကြေးဆီမီးခွက်အား ရခိုင်ပြည်သူများသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ရခိုင်ကျောက်စာဝန် ဦးစံရွှေဘု၏ မြေးဖြစ်သူ ဒေါ်ခင်အေးဇံတို့မိသားစုမှ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ပြီး  နှစ်ဖက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “ဦးစံရွှေဘုက ဒီရုပ်တုကို တူးဖော်လို့ရခဲ့တဲ့အချိန်မှာ သူ့သမီး ဒေါ်ရီရီဇံ ကမမွေးသေးဘူးလို့ သိရတယ်။အခု စမ်းချောင်း မင်္ဂလာလမ်းမှာ ဒေါ်ရီရီဇံက အသက်တစ်ရာကျော်ပြီ။ အခုထိ ရှိသေးတယ်။ အဲတော့ သူမသေခင်မှာ ဒီရုပ်တုကို ရခိုင်ပြည်နယ်က ရုပ်ထုကို ရခိုင်ပြည်သူလူထုကို ပြန်လှူချင်တယ်ဆိုတဲ့ ဆန္ဒ သူ့မှာရှိတယ်။ဆိုတော့ အဲဒီလို ရခိုင်ပြည်နယ်မှာ ပြန်ပို့ဖို့အတွက် ကျွန်တော်တို့ကို သူတို့ မိသားစုက တဆင့်ခံ အပ်ခဲ့တယ်”ဟု ပြောသည်။

အမြင့်ပေ ၉ လက်မရှိသည့် ထိုရုပ်ထုတွင် ဝေသာလီခေတ် အဝတ်အစား ဆင်ယင်ထားသည့် အမျိုးသမီး တစ်ဦးက လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်တန်း၍ ဘူးသီးခွံ ထက်ခြမ်းပုံ ဆီမီးခွက်ကို ကိုင် မီးပူဇော်နေသည့် ဟန်ကို သွန်းလောင်းထားသည်ဟု သိရသည်။

ရုပ်တု၏ အောက်ခြေခုံတွင် ရက္ခဝဏ္ဏအက္ခရာဖြင့် “အာရနာ ကောင်းပတော်”ဟု စာသားပါရှိပြီး အေဒီ ၃ ရာစုနှင့် ၈ ရာစုကြား သွန်းလောင်းထားသည့် ရုပ်ထုဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန့်သည်ဟု သိရသည်။

 “ကျွန်တော်တို့ ရဲ့ တာဝန်က ဒီရုပ်တုကို ထိန်းသိမ်းထားပြီးတော့ ရခိုင်ပြည် နယ်အစိုးရအဖွဲ့၊ရ ခိုင်ပြည်နယ် လွှတ်တော် ရယ်။ ရခိုင်ပြည်နယ်က အမျိုးသားပြတိုက်မှာ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု စီစဉ်ပြီးရင် ဥပဒေ တစ်ရပ်ပြဌာန်းပြီးတော့ အဲဒီဥပဒေနဲ့အညီ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီးတော့ ကျွန်တော်တို့က အပ်မှာ ဖြစ်တယ် ”ဟု ဦးဇော်အေးမောင်က ဆက်ပြောသည်။

ထိုရေကို ၁၉၂ဝ ဝန်းကျင်တွင် ရခိုင်ကျောက်စာဝန် ဦးစံရွှေဘုက ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၊ဝေသာလီ ကျေးရွာ၏ အရှေ့မြောက်ဘက် ပြိုင်းတောင်ရွာ ဝေသာလီမြို့ဟောင်းထဲမှ တူးဖော်ရရှိခဲ့ပြီး ၁၉၂ဝ ခုနှစ် သြဂုတ်လထုတ် မြန်မာနိုင်ငံသုတေသနဂျာနယ်အတွဲ အမှတ်(၁ဝ)တွင် ဆောင်းပါးရေးသားခဲ့သည်ဟု လည်းသိရသည်။

---------------------------------

Unicode:



နိရဉ်စရာ ၊ ဇနျနဝါရီ ၈ / ၂ဝ၂ဝ









ဆက်စပ် သတင်းများ