- Web Master
- ၂၈ ဒီဇင်ဘာ ၂၀၂၀
အောင်လင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/၂ဝ၂ဝ
ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၉ ခုနှစ်တွင် ယာဉ်တိုက်မူ ၃၇၇မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၄ ဦးရှိကာ ဒဏ်ရာရရှိသူ ၄၆၅ ဦး ရှိကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ၃၇၇ မူတွင် ဒဏ်ရာရရှိသူ ၄၆၅ ဦး ၊ သေဆုံးသူ ၁၄၄ ဦး ရှိခဲ့ကြောင်း၊ ထိုပမာဏမှာ ၂ဝ၁၈ ခုနှစ်နှင့် နိုင်းစာလျှင် ယာဉ်တိုက်မှုရော၊ သေဆုံးမှုပါ လျော့ကျသွားခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ်တွင် ၂ဝ၁၈ ခုနှစ်ကထက် ယာဉ်တိုက်မူ ၉၂ မူအထိလျှော့ကျခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၉၂ မူ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၆၂၈ ဦး၊ သေဆုံးသူ ၁၇၁ ဦး ထိရှိခဲ့ဟု ဆိုသည်။
၂ဝ၁၉ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော်၊ အမြန်လမ်း၊ နယ်ခြား အပါအဝင် ဒေသ ၁၈ ခုတွင် ရခိုင်ပြည်နယ်သည် အဆင့် ၁၃ နေရာတွင် ရောက်ရှိခဲ့ကြောင်း စစ်တွေမြို့ယာဉ်ထိန်းအမှတ်(၂ဝ) တပ်ဖွဲ့စုမှူး ရဲကျော်သူ မှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ယာဉ်တိုက်မှု လျော့ကျသွားရန်နှင့် ပတ်သက်ပြီး စစ်တွေမြို့ ယာဉ်ထိန်း အမှတ် (၂ဝ) တပ်ဖွဲ့စုမှူး ရဲကျော်သူက “ ယာဉ်မောင်းတွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းရဲ့ သဘောတရားကို လိုက်နာဖို့ လိုပါတယ်။ ပီးရင် ကိုယ်ပိုင် အသိစိတ်နဲ့ သွားလာနေထိုင် လိုက်နာဆောင်ရွက်ဖို့လိုပါမယ်။ ပတ်ဝန်းကျင်ကို ဖေးမကူညီ ပေးပြီးတော့ လက်ဆက်ကမ်းအသိပညာပေးမှုတွေ လုပ်သွားနိုင်မှ ယာဉ်မတော်တဆမှုတွေ သိသိသာသာကျဆင်းနိုင်မယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ သတ်မှတ်ထားသည့် ဒေသ ၁၈ ခုတွင် ရခိုင်ပြည်နယ်ယာဉ်တိုက်မူအဆင့်သည် ၂ဝ၁၈ ခုနှစ်တွင် အဆင့် ၁၂ ရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် အဆင့် ၁၃ နေရာတွင်ရှိကြောင်းသိရသည်။
“ယာဉ်တိုက်မူအားလုံးကို ကြည့်မယ်ဆိုရင် ၅၅ ရာခိုင်နှုန်းက ဆိုင်ကယ်သမားနဲ့ ဆိုင်တယ်။ သူတို့ မပါတဲ့ အမှုဆိုတာ မရှိဘူး။ ကျနော်တို့လည်း အသိပညာပေးလုပ်ငန်းတွေလုပ်တယ်။ ဒါပေမယ့် တစ်ချို့သော လူငယ်တွေက ဆိုင်ကယ်ကို စတန့်ထွင်ပြီးတော့ အမြန်နှုန်းနဲ့ မောင်းနေကြတယ်။ ဒါမျိုးတွေ မလိုလားအပ်တဲ့ ပြသနာတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
၂ဝ၁၉ ခုနှစ်တွင် ကား ၁၆၆ စီး၊ ဆိုင်ကယ် ၂၄ဝ၆ စီး၊ သုံးဘီး ၁၅၇ စီး စုစုပေါင်း ယာဉ် ၂၆၈၁ စီး အထိ ယာဉ်တိုက်မူ ဖြစ်ပွားခဲ့ရာ ၅၅ ရာခိုင်နှုန်းမှာ ဆိုင်ကယ်တိုက်မူဖြစ်ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မူအမျိုးအစားများတွင် ကား ၁၅၉စီး၊ ဆိုင်ကယ် ၂၁၅၁ စီး၊ သုံးဘီး၂၇၂ စီး စုစုပေါင်း ယာဉ် ၂၅၈၂ စီး အထိဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း သံတွဲခရိုင်တွင် ယာဉ်တိုက်မူအများဆုံးပွားခဲ့ပြီး မောင်တောခရိုင်တွင် ယာဉ်တိုက်မူ အနည်းဆုံးဖြစ်ကြောင်း သိရသည်။
-----------------------
Unicode
နိရဉ်စရာ၊ ဇနျနဝါရီ ၁၅/၂ဝ၂ဝ