သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့ ပဥ္စမကြိမ်မြောက်ရက္ခပူရသာသနာ့လင်္ကာရ သာမဏေကျော်စာမေးပွဲ သံဃာအပါး ၆ဝဝ နီးပါး ဝင်ရောက်ဖြေဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ စတင်ကျင်းပသည့် ရက္ခပူရသာသနာ့လင်္ကာရ သာမဏေကျော်စာမေးပွဲကို သံဃာတော် အပါး ၆ဝဝ နီးပါးဖြေဆိုနေကြောင်း သတင်းရရှိသည်။

အဆိုပါစာမေးပွဲကို စစ်တွေရှိ ရက္ခပူရသာသနာ့လင်္ကာရအသင်းမှ ဦးဆောင်ကာ စစ်တွေမြို့ လောကာနန္ဒာစေတီပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြုလုပ်နေရာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ သံဃာအပါး ၆ဝဝ နီးပါးနှင့် သီလရှင်(၄)ပါးနှင့် ဖြေဆိုနေကြကြောင်း သိရသည်။

ရက္ခပူရသာနသာလင်္ကာရအသင်းမှ ဥက္ကဋ္ဌ ဦး ဦးမြင့်ဦးက “မြန်မာတစ်နိုင်ငံလုံး တိုင်းနဲ့ပြည်နယ် အားလုံးမှာ သာမဏေကျော်အသင်းတွေရှိပါတယ်။ ကိုယ့်ရခိုင်ပြည်နယ်မှာ သာမဏေကျော် လေးတွေ ထွန်းကားလာအောင် သာသနာဖွံ့ဖြိုးတိုးတက်လာအောင်အတွက် ကျင်းပ ရတာ ဖြစ်ပါတယ်။ မနှစ်ကတော့ သံဃာအပါး ၅ဝဝ ကျော်ဖြေဆိုခဲ့တယ်။ ဒီနှစ်မှာတော့ ၆ဝဝ နီးပါး လောက်ဖြေဆိုပါတယ် ”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။
 
ယခုဖြေဆိုသည့် စစ်တွေ သာမဏေကျော်စာမေးပွဲသည် လူပုဂ္ဂိုလ်များက ဦးဆောင်ကျင်းပ ဘွဲ့ပေးခြင်း ဖြစ်ပြီး ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ကိုအောင်မှသာ သာမဏေကျော် ဘွဲ့ကို ရရှိသည်။

သံဃာတော်များသည် သာမဏေကျော်ဘွဲ့ရလျှင် ပိဋိကတ် ၃ ပုံအနက် ၂ ပုံကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးစီးသွားပြီဟု သတ်မှတ်ကာ အခြားပညာရပ်များကို လေ့လာသောအခါတွင်လည်း အထောက်အကူပြုသည်ဟု ၄င်းက ဆက်ပြောသည်။

၄င်းစာမေးပွဲကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ၃ဝ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး အောင်မြင်သည့် သံဃာတော်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စာအောင်လက်မှတ်နှင့် ဘွဲ့နှင်းအပ်သွားမည်ဟု သိရသည်။

-----------------------------

Unicode:

စစျတှမွေို့ ပဉ်စမကွိမျမွောကျရက်ခပူရသာသနာ့လငျ်ကာရ သာမဏကြျေောစာမေးပှဲ သံဃာအပါး ၆ဝဝ နီးပါး ဝငျရောကျဖွဆေို

နိရဉ်စရာ၊ ဇနျနဝါရီ ၂၇/၂ဝ၂ဝ



 








ဆက်စပ် သတင်းများ