သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြိုအမျိုးသားနေ့ ကို အကျဉ်းချုံးကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၁၁/ ၂၀၂၁

 

နှစ်စဉ် ကဆုန်လဆန်း ၇ ရက်နေ့တွင် ကျရောက်လေ့ရှိသော ရခိုင်မျိုးနွယ်စုဝင် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် ကိုဗစ်ကြောင့် အကျဉ်းချုံးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

မြိုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက လူမျိုးဓလေ့ထုံးစံ အစဉ်အလာလည်း မပျောက်သွားအောင်။ နောက်မျိုးချစ်တဲ့ လူငယ်တွေ အနေနဲ့လည်း လူမျိုးအပေါ်မှာ အသိအမှတ် ပြုလာဖို့အတွက် အခုနေပျိုးထောင်ပြီးတော့  ကျနော်တို့လုပ်ရတာဖြစ်တယ်။ ကျနော်တို့နဲ့ အတူနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အပေါ်မှာလည်း ကျက်သရေဂုဏ်သိက္ခာတစ်ခုရှိအောင်အတွက် ကျနော်တို့ ကျင်းပရတာဖြစ်ပါတယ် ဟုပြောသည်။

 

လက်ရှိ ကမ္ဘာ့တွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်ကပ်ရောဂါကြောင့် မြိုအမျိုးသားနေ့ကို လူ ၅၀ ခန့်ဖြင့်သာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် ကဆုန်လဆန်း ၇ ရက်နေ့မှာ မေလ ၁၇ ရက်နေ့တွင် ကျရောက်သဖြင့် ၎င်းနေ့တွင် လူပေါင်း ၅၀ ခန့်ဖြင့်သာ အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ကျနော်တို့က ဘုန်းကြီး ၅ ပါး ပင့်ပြီးတော့ သီလခံယူမယ်။ ဆွမ်းကျွေးပြီးတော့ ရင်းနှီးတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ နည်းနည်းခေါ်မယ်။ နောက်ဌာနဆိုင်ရာက နည်းနည်းခေါ်ပြီးတော့ ပွဲကို လူ ၅၀ လောက်နဲ့ ကျင်းပသွားမယ်ဆိုပြီးတော့ မှန်းထားတယ်။ဟုပြောသည်။

 

၅ ကြိမ်မြောက် မြိုအမျိုးသားနေ့အား ကျင်းပမည်ဆိုသည့်အတွက် အထူးဝမ်းသာမိကြောင်း ဗန်းဗွီးကျေးရွာမှ မြိုအမျိုးသမီး ဒေါ်နုဖြူက ပြောသည်။

 

ကိုယ်ရဲ့အမျိုးသားနေ့ကို ကျင်းပမယ်ဆိုတော့ အကျွန်တို့ ဝမ်းသာမိတယ်။ အခုဆိုရင် မြိုအမျိုးသားနေ့ ကျင်းပတာဟာ ၅ ကြိမ်မြောက်ဖြစ်သွားပြီ။ ဒီလိုမျိုးကျင်းပရတဲ့အတွက် အထူးဝမ်းသာမိတယ်ဟုပြောသည်။


Photo- Kha Mee Music

ဆက်စပ် သတင်းများ