သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို တပ်မတော်မှခေါ်ဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁ / ၂၀၂၁

ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် အဖွဲ့ဝင်တစ်ဦးကို ယမန်နေ့ ညဉ့် ၁၁ နာရီကျော်အချိန်ခန့်က နေအိမ်မှ တပ်မတော်က ခေါ်ဆောင်သွားသည်ဟု ဦးတင်ထွန်း၏တူမဖြစ်သူ မအေးအေးနိုင်က ပြောသည်။

“ မနေ့ညကပဲ တပ်ကလာပြီးတော့ ခေါ်ယူသွားပါတယ်။ ဆွေးနွေးစရာတွေရှိလို့ ခေါ်တာလို့ ပြောပါတယ်။ ကျမက အဲဒီထဲက ဗိုလ်ကြီးကို အတင်းလိုက်မေးတော့ မဲစာရင်းကိစ္စကြောင့် ခေါ်ရတာလို့ ပြောပါတယ်။ ဘယ်တပ်ရင်းက ဆိုတာကိုတော့ ကျမလည်း မသိဘူး” ဟု ပြောသည်။

၄င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်စဉ် တပ်မတော်သား ၅၀ ခန့်ပါဝင်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း သူမက ပြောဆိုသည်။

ဆက်စပ် သတင်းများ