အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မာန်အောင်တွင် လူငယ်တွေ့ဆုံပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4k

အောင်လင်းထွန်း
နိဉ္စရာ၊ ဇန်နဝါရီ ၂၆ ရက်/၂ဝ၂ဝ

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဇန်နဝါရီ ၂၅ ရက်နေ့ က  လူငယ်ရေးရာတွေ့ဆုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းဆွေးနွေးပွဲကို မြို့နယ် ပြန်ဆက်နှင့် Change Maker တို့မှ ပူးပေါင်းပြီး လူငယ်နှင့် လူငယ် အနာဂတ် ခေါင်းစဉ်ဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနရုံးတွင် နေ့လယ် ၁၂ နာရီမှ စတင်ကာ ညနေ ၅ နာရီကျော်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် လူငယ်တွေ့ဆုံပွဲကို ၄ ကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မာန်အောင်ဒေသခံ လူမူအဖွဲ့အစည်း NGO, CSO, INGO များနှင့် တွေ့ဆုံ၍ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ များဖြင့် ဆွေးနွေးခဲ့ကြသည်။

 “ခုလို  လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်သလို ရပ်ကျေးရွာရေး၊ လူငယ်ရေးရာ ကိစ္စရပ်များကို လုပ်ဖို့အတွက် ဒီိအဖွဲ့အစည်းနေနဲ့လုပ်တာက မာန်အောင်မှာ ပထမဆုံးဖြစ်တယ်။ မာန်အောင်က လူငယ်တွေ ခုလို လှုပ်လှုပ်ရှားရှား လုပ်နေတာကို ကျနော့်အနေနှင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု မာန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးမှူး ဦးသိန်းထွန်းအောင်မှ နိရဉ္စရာသတင်းဌာနသို့ပြောကြားသည်။

 အဆိုပါပွဲတွင် တက်ရောက်ဆွေးနွေးသူများမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးနွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးမှူး သိန်းထွန်းအောင်၊ Change Maker လူငယ် အင်္ဂစာသင်တန်း ကျောင်းတည်ထောင်သူ အောင်မြင့်သူ၊ မြို့နယ်ဦးစီးမှူး ဒုတိယဦးစီးမှူး ဦးကျော်နိုင်၊ လူငယ်ရေးရာကော်မတီကို ဦးဇော်ထွေးနိုင် (သံတွဲ) တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 “မာန်အောင်မြို့နယ်မှ ယခုလိုတွေ့ဆုံဆွေးနွေးပွဲများကို အရပ်ဘက်အဖွဲ့အစည်းကမဟုတ်ဘဲ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ခုလိုပွဲမျိုးကို လက်ခံပြီး လုပ်တာကောင်းပါတယ်။ အဓိကတော့ လူငယ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးကြတာပါ။ သူတို့ သိချင်တာတွေ၊ သူတို့ ပြောချင်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးကြတာ ကိုတွေ့ရတော့ အားရစရာကောင်းပါတယ်” ဟု ကိုအောင်မြင့်သူမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါပွဲတွင် တက်ရောက်ဆွေးနွေးသူများမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးနွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးမှူး ဦးသိန်းထွန်းအောင်၊ အင်္ဂစာ သင်တန်းကျောင်း တည်ထောင်သူ အောင်မြင့်သူ၊ မြို့နယ်ဦးစီးမှူး ဒုတိယဦးစီးမူး ဦးကျော်နိုင်၊ လူငယ်ရေးရာ ကော်မတီကို ဦးဇော်ထွေးနိုင် (သံတွဲ) တို့မှတက်ရောက်ဆွေးနွေးခဲ့ကြသည်။

၎င်းဆွေးနွေးပွဲတွင် တက်ရောက်သူ ၁ဝဝ ခန့်ရှိပြီး မြို့နယ် ၁၂ ခုမှ လူငယ်များ ပါဝင်ကာ မာန်အောင်မြို့နယ်အတွင်းရှိ လူငယ်များ အနာဂတ်အတွက် ရေးဆွဲထားသော စီမံကိန်းများ အပါအဝင်သဘာဝသယံဇာတ ခွဲဝေမှုနှင့် ပတ်သက်ပြီး လည်း မေးခွန်းများကို မေးမြန်းခဲ့ကြကာ တက်ရောက်လာ Panelists များ က ပြန်လည်ဖြေကြားခဲ့သည်။

၄ကြိမ်မြောက် လူငယ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခဲ့ရာမှာ မာန်အောင်မြို့နယ်တွင် အမျိုးသမီးအဖွဲ့ (မာန်အောင်)၊ လူငယ်ရေးရာ ကော်မတီအဖွဲ့ တို့ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit- အောင်မြင့်သူ

------------------------------

Unicode:



နိ ဉ်စရာ၊ ဇနျနဝါရီ ၂၆ ရကျ/၂ဝ၂ဝ











ဆက်စပ် သတင်းများ