ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင် သာစည်ကျောက်ရံရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူလူငယ်နှင့် အဆက်အသွယ်မရဘဲဖြစ်နေသဖြင့် မိဘဖြစ်သူများ အထူးစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာမှ အသက် ၂၂ အရွယ် လူငယ် တစ်ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက ခေါ်ယူသွားသည်မှာ ၁၁ ရက်ရှ်ိနေပြီ ဖြစ်သော်လည်း မိသားစုနှင့် အဆက်အသွယ် မရဘဲ ဖြစ်နေသဖြင့် အထူးစိုးရိမ်နေကြသည်ဟု ဖခင်ဖြစ်သူ ဦးမောင်သိန်းထွန်းက ပြောသည်

သားဖနှစ်ဦးဖြစ်သူ ဦးမောင်သိန်းထွန်းနှင့် သားဖြစ်သူ ကျော်ငြိမ်းထွန်း (၂၂) တို့သည် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျွဲမသားပေါက်မည်ဖြစ်သဖြင့် လယ်တဲတွင် စောင့်အိပ်နေစဉ် နံနက်အစောကြီး ၄ နာရီခန့်တွင် တပ်မတော် စစ်ကြောင်း တစ်ခုက ကျော်ငြိမ်းထွန်းကို ခေါ်ယူသွားသည်ဟု ပြောဆိုသည်။

“ ကျွန်တော်တို့က သူ့ကို ဖမ်းခေါ်သွားတာကို မြင်ရပါတယ်။ ဝါးရင်းတုတ်နဲ့ နှစ်ချက်ရိုက်ပြီး ခေါ်သွားတာပါ။ ကျွန်တော်က လယ်တဲ အစွန်မှာ ကုပ်ပြီး ပုန်းနေတဲ့ အတွက် လွတ်လာတာပါ။ သားဖနှစ်ဦး ကျွဲမ သားပေါက်မှာ မို့ စောင့်နေကြတာပါ။ ကျွန်တော်သားက စိတ်လည်း မနှံ့ပါဘူး။  စစ်တပ်က ခေါ်သွားတာ သေချာမြင်ပါတယ်” ဟု ဦးမောင်သိန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းနောက်ပိုင်း မိဘဖြစ်သူများအနေဖြင့် သားဖြစ်သူ အတွက် စိုးရိမ်၍ အနီးအနားရှိ ရေစိုးချောင်း စစ်တပ်ဗျူဟာသို့ လိုက်သွားရာ ရေစိုးချောင်းရွာတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးနှင့် တွေ့ဆုံပြီး တိုင်ကြားခဲ့ကြောင်း၊ ၎င်းဗိုလ်ကြီးမှ ၎င်းလူငယ်အား စုံစမ်းပြီး အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု ဆိုသည်။

“ ကျွန်တော်က သားဖြစ်သူ ပျောက်နေတာကို ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း သွားတိုင်ကြားပါတယ်။ ကလေးက စိတ်မနှံ့ဘူး။ အခု ပျောက်နေတယ်လို့ ပြောတဲ့ အတွက် သူတို့က ရသေ့တောင်မှာရှိတဲ့ တပ်ရင်းတွေကို စုံစမ်းကြည့်တော့ ကျွန်တော်သား မရောက်ဘူးလို့ ပြောပါတယ်။ အခု ပျောက်နေတာ ၁၁ ရက်ရှိနေပြီဆိုတော့ အရမ်း စိုးရိမ်မိပါတယ်” ဟု ဦးမောင်သိန်းထွန်းက ဆက်လက် ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ၎င်းလူငယ် ပျောက်ဆုံးနေသည်မှာ မှန်ကန်ကြောင်း၊ မိဘဖြစ်သူများက မကြာခဏ ဖုန်းဆက်၍ မေးမြန်းနေကြောင်း ပြောကြားသည်။

“ ကျွန်မတို့ကတော့ အဲဒီကလေးကို အမြန်ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်။ အကယ်၍ အဲဒီကလေးမှာ အပြစ်တွေ့တယ်ဆိုရင်လည်း ဥပဒေအတိုင်းဘဲ အရေးယူစေချင်ပါတယ်။ အခုက ၁၁ ရက်လုံးလုံး အဆက်အသွယ်မရဖြစ်နေတော့ မိသားစုတွေက အထူးစိုးရိမ်နေကြတယ်” ဟု ပြောကြားသည်။

------------------------------

Unicode


နိရဉ်စရာ၊ ဒီဇငျဘာ ၂၅/၂ဝ၁၉








ဆက်စပ် သတင်းများ