စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြား ပန်းမြောင်းဒေသဘက်မှ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ လေးဦး လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.4k

နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနှင့် မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာတို့မှ အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ကျေးရွာသား ၄ ဦးသည် ၁ဝ လခန့်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ ပန်းမြောင်းကျေးရွာသား ကိုမောင်မြင့်နိုင်(၂၄) နှစ်၊ ကိုစိုးဝင်းနိုင်(၂၅) နှစ်နှင့် မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှ ကိုကျော်အေးမောင်(၃၂) နှစ်၊ ကိုဦးခင်မောင်(၃၅)နှစ်တို့ဖြစ်သည်။

၄င်းတို့သည် ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်တွင် စစ်တွေခရိုင်တရားရုံးမှ လွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါအမှုကို လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ဒီနေ့ပဲ ခရိုင်တရားရုံးက လွှတ်ပေးလိုက်တာပါ။ တရားလိုသက်သေတွေရဲ့ ထွက်ဆိုချက်ဟာ မမှန်ကန်တဲ့အတွက် လွှတ်ပေးလိုက်လိုက်တာပါ။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

၄င်းတို့သည် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး ၁ဝ လခန့်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာတပ်မတော်တို့တိုက်ပွဲဖြစ်ပွားသည့် တစ်နှစ်ကျော်အချိန်ကာလအတွင်းတွင် သံသယနှင့်ဖမ်းဆီးတရားစွဲခံထားသည့် အရပ်သား ၅ဝဝ ကျော်ရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ သိရသည်။

-----------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၃ / ၂ဝ၂ဝ








ဆက်စပ် သတင်းများ