ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခံရသူ နှစ်ဦး အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အသက် ၅ဝ ကျော်အရွယ် အရပ်သား နှစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးမှာ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄)နှင့် စဖိုးသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့ ဖြစ်ကြသည်။

ဦးမောင်ရွှေအေး၏ ခယ်မဖြစ်သူက “ သူက နာဂရာတာဝါတိုင်မှာ ဝန်းထမ်း ဖြစ်ပါတယ်။ သူ့မှာ အပြစ်ဘာမှ မရှိပါဘူး။ ဒီလိုဘဲ ဖမ်းသွားတာပါ။ သူက နာဂရာက တာဝါတိုင်မှာ စက်နိုး မနိုးသွားကြည့်ရပါတယ်။ ဆီလည်းထည့်ရပါတယ်။ အဲဒီတာဝါတိုင်ကနေ ပြန်လာပြီး နေ့လယ် ၁ နာရီမှာ စစ်ကြောင်းတစ်ခုက ခေါင်းတုတ် ရွာထဲကို ဝင်လာတဲ့ အခါ လမ်းမှာ တွေ့လို့ ဖမ်းခေါ် သွားတယ်လို့ ပြောပါတယ်။ သူယောက္ခမ အိမ်ရှေ့ လမ်းကနေ ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ ရွာသားတွေ ပြောတာက ၃၇၄ ၊ ၃၇၅ တပ်ရင်းလို့ ပြောပါတယ်”ဟု ပြောကြားသည်။

သူ့အားခေါ်ဆောင်သွားပြီး အချိန်မှ စ၍  မိသားစုများနှင့် အဆက်အသွယ် မရသဖြင့် စိုးရိမ်နေကြသည်ဟု သူမ ပြောကြားသည်။

နောက်ဖမ်းဆီးခံရသူ တစ်ဦးမှာ ကျောက်တော်မြို့နယ် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်ဖြစ်ကြောင်း သိရသည်။

ဦးကျော်ငြိမ်းမှာ နာဂရာကျေးရွာမှ အသုဘပို့ပြီး ဦးမောင်ရွှေအေးနှင့် အတူ ပြန်လာရာမှ ခေါင်းတုတ်ကျေးရွာ အရောက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရှိရကြောင်း ရခိုင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ နေရာတိုင်း နေရာတိုင်းမှာ လူတွေကို အေအေလို့ ယူဆပြီး၊ အေအေနဲ့ ဆက်သွယ်လို့ ယူဆပြီးတော့ ဖမ်းဆီးတာတွေ ဖြစ်နေပါတယ်။ အကယ်၍ သူတို့ကို မသင်္ကာလို့ ဖမ်းတယ် ဆိုရင်လည်း ရဲစခန်းကို ပို့ရမယ်။ ၂၄ နာရီထက် ကျော်လို့ မထားရဘူး။ ၂၄ နာရီထက် ကျော်ပြီး ဖမ်းဆီးထားတယ်ဆိုရင် ဒါဟာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ တစ်နည်းအားဖြင့်ဆိုရင် လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်ပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဆက်သွယ်မရရှိသေးပါ။

------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၉ / ၂ဝ၂ဝ









ဆက်စပ် သတင်းများ