စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ရဲနှင့် လဝကမှ ဆက်လက် စစ်ဆေးမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

စိုးဇံအောင်၊ နီမင်းထွန်း
နိရဥ္စရာ၊ အောက်တိုဘာ ၃၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ မီးလောင်ကွင်းရှိနေအိမ်များကို ရဲနှင့်လဝကမှ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်ကွင်းရှိနေအိမ်များကို ဝင်ရောက်ကာ အိမ်ထောင်စု စာရင်းများကို တောင်းယူပြီး လူဦးရေစာရင်းများကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

“ဒီမနက် ၈ နာရီခွဲက ရဲနဲ့လဝကဝန်ထမ်းတွေက အိမ်ကိုလာပြီး အိမ်ထောင်စုစာရင်းတောင်းတယ်။ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲလို့မေးတယ်။ ကလေးဘယ်နှစ်ယောက်ရှိလဲမေးတယ်။ ပြီးရင် သူတို့ပြန်တယ်” ဟု စက်ရုံစုရပ်ကွက်ရှိ၊ မီးလောင်ကွင်းတွင် နေထိုင်သူ ဦးသန်းမြင့်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ မီးလောင်ကွင်းတွင် နေအိမ် ၃ ထောင်ကျော်ခန့်ရှိကြောင်းနှင့် ယနေ့ ရဲနှင့် လဝကများ လာရောက် စစ်ဆေးသည်မှာ မှန်ကန်ကြောင်း စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးညွန့်ဝင်းက အတည်ပြုပြောကြားသည်။

အောက်တိုဘာလ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီခန့်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျ အုပ်စုရှိ ကျေးရွာလေးရွာ ကိုလည်း ရဲနှင့် လဝက လူအင်အား တစ်ရာကျော်ခန့်က ကား ၁၇ စီးဖြင့်လာရောက်ပြီး ရပ်ကွက်အတွင်းမှ အိမ်ထောင်စု စာရင်းနှင့် လူဦးရေစာရင်းကို ဆေးမြန်းမှုများ ပြုလုပ်ကာ နေအိမ်များကို ဓါတ်ပုံရိုက်ယူ မှုများပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည့် ကျေးရွာလေးရွာမှာ ဆတ်ရိုးကျအရှေ့ရပ်ကွက်၊ အနောက်ရပ်ကွက်၊ မင်းဒြားချိတ်နှင့် အောင်ချမ်းသာ တို့ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရသည့် အကြောင်းအရာပတ်သက်ပြီး ပြည်နယ်ဒုရဲတပ်ဖွဲ့မှူးသို့ ဆက်သွယ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးပါဟုဆိုသဖြင့် ရဲဘက်က စစ်ဆေးရသည့် အကြောင်းအရင်းကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

စက်ရုံစု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်အား ဆက်သွယ်ရာ သူ့အနေဖြင့် ကူညီပေးရသည့် အဆင့်သာရှိပြီး စစ်ဆေးသည့် အသေးစိတ် အကြောင်းအရင်းကို မသိရှိကြောင်း ပြောကြားသည်။

----------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၃၁/ ၂ဝ၁၉









ဆက်စပ် သတင်းများ