ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်အရေးနှင့်ပတ်သက်၍ အမေရိကန်အစိုးရ ကူညီသွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

နီမင်းထွန်း

နိရဥ္စရာ ၊ အောက်တိုဘာ ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု အရေး အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည်များ၏အခက်အခဲများ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆုတ်ယုတ်လာမှု အပေါ်တွင် အမေရိကန်အစိုးရအနေဖြင့် ကူညီသွားမည်ဟု ပြောဆိုကြောင်း စစ်တွေ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ခု ဖြစ်သည့် People For People (PFP) ဒါရိုက်တာ ဦးပြည်သိမ်းက ပြောကြားသည်။

 စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သော အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံရေးရာဝန်ကြီး David Stilwell ဒေးဗစ် စတေးဝဲလ်နှင့် ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 “လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အရေးအခင်းမှာ သူတို့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုပါဝင်ကူညီပေးရမလဲ သူတို့မေးတယ်။ ကျနော်တို့ကလည်း ရက္ခိုင့်တပ်တော် (AA)နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲတွေကြားမှာ အရပ်သားတွေထိခိုက်သေဆုံးတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေတိုးလာတွေ အခက်အခဲဖြစ်နေတာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာတွေ၊ ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ် လာတာတွေကို တင်ပြဆွေးနွေးခဲ့တယ်။ သူတို့ကလည်း အတတ်နိုင်ဆုံး ကူညီပေးသွားမှာကို အစိုးရနဲ့လည်း ဆွေးနွေးနေတယ်။ ဒီထက်ပိုပြီး များများကူညီပေးနိုင်ဖို့ အစီအစဉ်တွေ ချထားတာရှိတယ်လို့ ပြောသွားတယ်” ဟု ဦးပြည်သိမ်းက ပြောသည်။

ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များကို ထိရောက်စွာ ကူညီပေးနိုင်ရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရသည်။
 
အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marcial လည်း အတူ လိုက်ပါ လာခဲ့သည်ဟု သိရသည်။

အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံရေးရာဝန်ကြီး David Stilwell ဒေးဗစ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ရင်ဆိုင်နေရသော ပြဿနာများအပေါ် ဖြေရှင်းနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းအဖွဲ့သည် သက်ကယ်ပြင် မူဆလင် ဒုက္ခသည်စခန်းမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည်သူ၏ တာဝန် ထမ်းဆောင်စဉ်အတွင်း ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

------------------------------------

Unicode



နိရဉ်စရာ ၊ အောကျတိုဘာ ၂၈ / ၂ဝ၁၉




 




ဆက်စပ် သတင်းများ