သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်ဝင်းထဲ ၉ ပေအရှည်ရှိ စပါးအုံးမြွေတစ်ကောင်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ တက္ကသိုလ်ခြံဝင်းအတွင်းမှ အလျား ၉ ပေအရှည်ရှိသော စပါးအုံးမြွေတစ်ကောင် ဖမ်းမိသည်ဟု သတင်းရရှိသည်။

အလျား ၉ ပေနှင့် လုံးပတ် ၈ လက်မရှိသည့် အဆိုပါမြွေကို ဇန်နဝါရီ ၃၁ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်တွင် စစ်တွေတက္ကသိုလ်ရှိ အားကစားဆောင်အနီး ခြုံတောတွင် တွေ့ရှိခဲ့ရာမှ ဖမ်းမိခဲ့သည်ဟု သိရသည်။

“ကျောင်းတွင်းမှာက တောတွေထူထပ်နေတယ်။ ထင်သာမြင်သာရှိတဲ့ လူသွားလမ်းတွေဘဲ သွားနေရတဲ့ အဆင့်ထိရှိနေတယ်။ ဘေးက ဆင်းသွားလို့ မရဘူး။ ကျောင်းသားတွေကို အန္တရာယ်ပေးလာရင် ဘယ်သူတွေက တာဝန်ယူပေးနိုင်မလဲ”ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး (၄) ကိုတိုးတိုးအောင်က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

အဆိုပါမြွေအား စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကျော်နိုင်ဌေးက တွေ့ရှိပြီးနောက် ကျောင်းသားများနှင့် တက္ကသိုလ်အနီးမှ ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါမြွေအား  တက္ကသိုလ်အနီးမှ ဒေသခံများက ယူဆောင် သွားခဲ့ကြသည်ဟုလည်း သိရသည်။

စစ်တွေ တက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် လူအများသွားလာနေသည့် လမ်းများ၌ မြွေများကို မကြာခဏတွေ့ရှိနေသောကြောင့် ကျောင်းသားများ စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်ကျောင်းသူတစ်ဦး မြွေဟောက်အပေါက်ခံခဲ့ရသော်လည်း လူကို ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

-------------------------------
Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၁ / ၂ဝ၂ဝ







ဆက်စပ် သတင်းများ