ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြန်မာ့အမျိုးသားလေကြောင်း ရန်ကုန်-စစ်တွေ တစ်ပတ်တွင် သုံးရက်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ၊ သြဂုတ်၂၁/၂ဝ၂ဝ 

အရေးပေါ် ခရီးသွားလာရန် လိုအပ်ချက်များအတွက် စစ်တွေ-ရန်ကုန်- စစ်တွေ လေကြောင်းခရီးစဉ်များကို မြန်မာ့အမျိုးသားလေကြောင်းမှ တနင်္လာ ဗုဒ္ဓဟူး သောကြာ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ပါကြောင်း ROYAL THAZIN LINN Co,Ltd အသိပေးထုတ်ပြန်သည်။ 

လေယာဉ်လက်မှတ်များကို ROYAL THAZIN LINN Co,Ltd ( လေယာဉ်လက်မှတ်အရောင်းဌာန) ဖုန်းနံပါတ်- 09451211388, 09456973173, 09263728223 ကို ဆက်သွယ် ဝယ်ယူနိုင်ကြောင်း၊  ရုံးခေတ္တ ပိတ်ထားကြောင်း ဖော်ပြထားသည်။ 

မဖြစ်မနေသွားလာကြရမည့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညမထွက်ရအမိန့်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာရန်အတွက် လိုအပ်သည့်စာရွက်စာတမ်း အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာဆောင်ရွက်ကြလည်း တိုက်တွန်းအကြံပြုထားသည်။ 


ဆက်စပ် သတင်းများ