သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

DMG သတင်းဌာန တာဝန်ရှိသူအချို့ကို ရဲစခန်းမှ ခေါ်ယူမေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ မေ ၁၆/၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေး သတင်းဂျာနယ် (DMG) သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဦးမိုးဇော်နှင့် တာဝန်ရှိသူအချို့ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ဆင့်ခေါ် မေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ခေါ်ယူသဖြင့် ယန်မနေ့ (မေလ ၁၆ ရက်) နေ့လယ်ပိုင်း ၁ နာရီခန့်က DMG သတင်းဌာန ရုံးတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမိုးဇော်အပါအဝင် သတင်းဌာန တာဝန်ရှိသူတချို့ ရဲစခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

DMG သတင်းဌာန ရုံးအုပ်ဖြစ်သူ ကိုမိုးဇော်က စစ်တွေတရားရုံးက ၅၀၅ (က) နဲ့ ပတ်သက်ပြီး ဆင့်ခေါ်တဲ့ အမှုမှာ လာရောက်မဖြေရှင်းတဲ့ ကိစ္စကို ဘာကြောင့်လာရောက်မဖြေရှင်းသလဲ ဆိုတာသိချင်လို့ သတင်းဌာနရဲ့ တာဝန်ခံ ကျွန်တော်ကိုခေါ်ပြီးတော့ မေးမြန်းတဲ့ပုံစံမျိုးပါ။ နောက်တစ်ခုက သတင်းမီဒီယာဌာနနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ကိစ္စကို နည်းနည်းမေးတယ်။ နောက်ပြီး ကျနော်တို့ သတင်းဌာနက နှစ်ယောက်ကို လာပြီးတရားရင်ဆိုင်ဖို့၊ ဆက်သွယ်ပေးဖို့ တွန်းအားပေးတဲ့ သဘောပါဟု ပြောသည်။

DMG သတင်းဌ၏ မှတ်ပုံတင်ကိစ္စနဲ့ ဆက်စပ်ပြီးလည်း ရဲစခန်းက မေးမြန်းကြောင်းနှင့် မည်သည့်အတွက်မေးမြန်းသည်ဆိုခြင်းကို မသိသေးကြောင်း ကိုမိုးဇော်က ဆိုသည်။

 “ ကျနော်တို့ သတင်းဌာနက ပထမတစ်ကြိမ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးကတည်းက သက်တမ်းတိုးဖို့ ကြိုးစားတာနှစ်ကြိမ်ရှိပြီ။ အခုလည်း ဆက်ပြီးကြိုးစားနေတယ်။ မှတ်ပုံတင် သက်တမ်း ပထမအကြိမ် ကုန်ဆုံးကတည်းက ဂျာနယ်တွေမထုတ်နိုင်တော့ဘူး။ Online အနေနဲ့ ပဲသွားနေတာရှိတယ်။ သက်တမ်းတိုးဖို့ ကြိုးစားပေမယ့် ဘာမှလည်း အကြောင်းမပြန်ဘူးဟု ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်း သတင်းဌာနများ၏ မှတ်ပုံတင်ခြင်းကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ရခြင်းဖြစ်ပြီး DMG သတင်းဌာနမှ ပြီးခဲ့သည့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သတင်းဌာန မှတ်ပုံတင် သက်တမ်းတိုးရန် ကြိုးစားခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ကိုမိုးဇော်ထံက သိရသည်။

DMG သတင်းဌာနက ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့နှင့်လည်း အဆက်အသွယ်ရဖို့ အဆင်မပြေဖြစ်နေကြောင်းနှင့် သူတို့က ပထမဆုံးဖြတ်ထားသည်မှာ ၆၆(ဃ) အမှုကို ရင်ဆိုင်မည် ဖြစ်သော်လည်း ၅၀၅(က) အမှုထပ်တိုးလာသောအခါ ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ှောင်နေပုံရကြောင်း ကိုမိုးဇော်က ဆက်ပြောသည်။

DMG သတင်းဌာနမှ ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နှင့် တပ်မတော်သား ဗိုလ်မှူး ဘုန်းမြင့်ကျော်၏ အမှုဖွင့်ခြင်းကို ခံရပြီး သူ့တို့ နှစ်ဦးလုံးသည် ယင်းအမှုကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ရဲစခန်းကို လာရောက်အမှုရင်ဆိုင်ခဲ့ကြသည်။

ယခုလက်ရှိမှာလည်း တပ်မတော်အကြည်အညိုပျက်စေမှု ၅၀၅(က) နှင့် ဒုတာဝန်ခံအယ်ဒီတာ၊ သတင်းထောက် မနှင်းနွယ်တို့ ထပ်ပြီး အမှု ဖွင့်ခံရရာမှာလည်း အမှုဖွင့်ခံရသူနှစ်ဦးကို တရားရုံးက ဆင့်ခေါ်သည့် နေ့ကပင် တိမ်းရှောင်လျှက်ရှိကြောင်း သိရပါသည်။ 

ဆက်စပ် သတင်းများ